ကျုံပျော်တွင် e-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက်များ ကောက်ယူခြင်း လုပ်ငန်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျုံပျော်တွင် e-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက်များ ကောက်ယူခြင်း လုပ်ငန်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ


MNP ၊    ဇွန်   ၆

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့တွင် e-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက်များ ကောက်ယူမှတ်ပုံတင်ခြင်း လုပ်ငန်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့ အင်အားဦးစီးဌာန၊ မြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးခင်စိုးနှင့် ဝန်ထမ်းများက ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အင်းရဲလမ်းဆုံနှင့် မြို့မဈေးရှေ့တို့တွင် သွားလာသော ပြည်သူများထံသို့ အခမဲ့လိုက်လံ ဖြန့်ဝေ ပေးခဲ့သည်။


လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အီလက်ထရောနစ် မှတ်ပုံတင်ဦးစီးဌာနမှ ထုတ်ဝေ သည့် အဆိုပါ လက်ကမ်းစာစောင်တွင် e- ID စနစ်အ‌ကြောင်း၊ e-ID စနစ်၏ အဓိက ရည်ရွယ်ချက်များ၊ e- ID စနစ် အကောင်အထည်ဖော် ဆောင်ရွက်မည့် အဆင့် (၅)ဆင့်၊ UID(Unique Identity) နံပါတ် အကြောင်းနှင့် UIDကို ဘယ်လိုလူမျိုးတွေကို ထုတ်ပေးမှာလဲ စသည့်အချက်များ ပါဝင်ကြောင်း သိရသည်။


လပြည့်ဦး 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)