မန္တလေးတောင်ခြေတွင် ဆရာတော်တစ်ပါးကို ကားနှင့်တိုက်မိပြီး ထွက်ပြေးသွားသူ ဖမ်းမိပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးတောင်ခြေတွင် ဆရာတော်တစ်ပါးကို ကားနှင့်တိုက်မိပြီး ထွက်ပြေးသွားသူ ဖမ်းမိပြီ



MNP ၊ ဇွန် ၉

မန္တလေးတောင်ခြေတွင် ဆွမ်းခံထွက်သည့် သက်တော် ၉၃နှစ်အရွယ် ဆရာတော်ကြီးအား ကားနှင့် တိုက်မိပြီး ထွက်ပြေးတိမ်းရှောင်သွားသည့် ကားသမားအား ဖမ်းဆီးရမိပြီဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိ တရားခံ၏အမည်မှာ ကိုနေမျိူးသူ အသက် ၂၄နှစ် (ဘ)ဦးနိုင် နေရပ် အောင်မြေသာစံမြို့နယ် ဥပုတ်တော်ရပ်ကွက် မျိူးချစ်ကျောင်းတိုက်မှဖြစ်ပြီး ကားပိုင်ရှင်မှာလည်း မျိုးချစ်ကျောင်းပိုင်ကားဖြစ်ကြောင်း သိရသည်။

ယာဉ်မောင်းကို အမှုဖွင့်ထားပြီး အမှတ် ၂ ရဲစခန်းမှ ချုပ်နှောင်ထားလျက်ရှိပြီး နောက်မှ အတူပါ ၃ ဦးကို ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)