ဘိုကလေးမြို့နယ်အတွင်းမှ အကြမ်းဖက်လှုပ်ရှားမှုတွင် ပါဝင်သူများ၏ ပိုင်ဆိုင်မှုများ ပြည်သူ့ဘဏ္ဍာအဖြစ် ချိတ်ပိတ်သိမ်းဆည်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘိုကလေးမြို့နယ်အတွင်းမှ အကြမ်းဖက်လှုပ်ရှားမှုတွင် ပါဝင်သူများ၏ ပိုင်ဆိုင်မှုများ ပြည်သူ့ဘဏ္ဍာအဖြစ် ချိတ်ပိတ်သိမ်းဆည်း





MNP ၊ ဇွန် ၉

ဘိုကလေးမြို့နယ်အတွင်း ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့များနှင့် ချိတ်ဆက်၍ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများ နေအိမ်များကို ပြည်သူ့ဘဏ္ဍာအဖြစ် ယနေ့ ချိတ်ပိတ်သိမ်းဆည်းမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ဘိုကလေးမြို့မရဲစခန်း တွင် (ပ) ၉၈/၂၀၂၁ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)ဖြင့်  အမှုဖွင့်အရေးယူထားသူ ကျော်မြင့်အောင် (ခ) ကျော်နိုင် (ခ)ဗလကြီး(ဖမ်းမိ) ပိုင်ဆိုင်သည့် ဘိုကလေးမြို့၊ (၃)ရပ်ကွက်၊ (၃)ဖြတ် လမ်းရှိ အလျား ၅၀ ပေ၊ အနံ ၁၅ ပေခန့်ရှိ မြေကွက်နှင့် ၎င်းမြေကွက် ပေါ်ရှိ အုတ်ကာ၊ သွပ်မိုး၊ နှစ်ထပ်တိုက်၊ လုံးချင်းနေအိမ်(၁)လုံး၊ 

ဘိုကလေးမြို့မရဲစခန်းတွင် (ပ) ၄၅/၂၀၂၂ ရာဇသတ်ကြီးပုဒ်မ ၃၀၇/၁၀၉/ ကျင့်-၅၁၂ ဖြင့် တရားစွဲတင်ထားသူ နွဲနွဲဝင်း(ခ) နှင်းဆီ(ထွက်ပြေး တိမ်းရှောင်) ပိုင်ဆိုင်သည့် ဘိုကလေးမြို၊ (၉)ရပ်ကွက်၊ (၁၀)လမ်းရှိ အလျား ၆၀ ပေ၊ အနံ ၃၅ ပေခန့်ရှိ မြေကွက်ပေါ်တွင် အုတ်ကာ၊ သွပ်မိုး၊ တစ်ထပ်တိုက်၊ လုံးချင်းနေအိမ်(၁)လုံး၊ 

ဘိုကလေးမြို့မရဲစခန်းတွင် (ပ) ၁၂/၂၀၂၃ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)/၅၄/ကျင့်-၅၁၂ ဖြင့် အမှုဖွင့်အရေးယူထားသူ ကျော်နိုင်ထွန်း (ခ)ဆန်နီ(ခ)ကျားပေါက်(ထွက်ပြေးတိမ်းရှောင်) ပိုင်ဆိုင်သည့် ဘိုကလေးမြို့နယ်၊ သာပေါင်းအုပ်စု/ကျေးရွာရှိ အလျား ၁၀၀ ပေ၊ အနံ ၅၀ ပေခန့်ရှိ မြေကွက်နှင့် ၎င်းမြေကွက်ပေါ်ရှိ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ်(၁)လုံး တို့ကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)