ကျောက်ဆည်မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဆည်မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ




MNP ၊    ဇွန်   ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ‌ခြေခံပညာဦးစီးဌာတို့ ပူးပေါင်းပြီး ၂၀၂၃ ခုနှစ် ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယမန်နေ့ညနေ (၃) နာရီက  ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးအေးလင်းက ပညာကိုရှာဖွေရာတွင် ကြားရ၊မြင်ရအရာများကို မမေ့မလျော့အောင် မှတ်သားထားကြစေလိုကြောင်း၊ အချိန်ကိုတန်ဖိုးထားပြီး မျှတစွာအသုံးချသူများသာ ရှေ့တန်းနေရာများတွင် အမြဲရောက်ရှိကြောင်းနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား အမှတ်ပေးစည်မျဉ်း စည်းကမ်းများနှင့်အညီ မြို့နယ်စာရေးဆရာ အသင်းဝင်များမှ စီစစ်ပြီးချီးမြှင့်ခဲ့ရာ ဘက်စုံထူးချွန်သူများဖြစ်စေရန် ကြိုးစားကြရန် အမှာစကားပြောကြားခဲ့သည်။


ထို့နောက် ပြိုင်ပွဲတွင် ပထမဆုရရှိသော မောင်ရွှေဘုန်းခန့် အ.ထ.က (၁) ကျောက်ဆည်၊ ဒုတိယဆု ရရှိသော မပန်းမာလာကျော် မေတ္တာကိုယ်ပိုင်ကျောင်း၊ တတိယဆုရရှိသော မအေးချမ်းမိုး အ.ထ.က (၁) ကျောက်ဆည်နှင့် အထူဆုများရှိခဲ့ကြသည့်  မသီတာစိုး အ.ထ.က (မြို့မ)၊ မဧကရီစိုး အ.ထ.က (၂)၊ မဟေမာန်ဝင်း အ.ထ.က ဟံမြင့်မိုရ်တို့အား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးနှင့် မြို့နယ် ပညာရေးမှူး ဦးအေးလင်းတို့က ဆုများအသီးသီး ချီးမြှင့်ခဲ့ကြောင်းနှင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောက်ဆည်မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း ကျောင်းများဖြစ်သည့် အ.ထ.က (၁)၊ အ.ထ.က (၂)၊ အ.ထ.က (၃)၊ မြို့မ၊ ဟံမြင့်မိုရ်၊ မင်းစု၊ ညောင်ရွေ အထက်တန်းကျောင်းများနှင့် မေတ္တာကိုယ်ပိုင် အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ (၂၈) ဦး ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။


သက်မောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)