ကျောက်ဖြူမြို့၌ (၁၀၁)နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အခြေခံစားသောက်ကုန်များအား ပြည်သူများထံသို့ ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဖြူမြို့၌ (၁၀၁)နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အခြေခံစားသောက်ကုန်များအား ပြည်သူများထံသို့ ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချ





MNP ၊    ဇွန်   ၂၉

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့၌ ဇူလိုင်လ(၁)ရက်နေ့တွင်ကျရောက်မည့် (၁၀၁)နှစ် မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ငါးကမ္ဘာ(FISHLAND) စက်မှုကုန် ထုတ်လုပ်ငန်း သမဝါယမအသင်းလီမိတက်နှင့် မြို့နယ်သမဝါယမဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့ နံနက်ပိုင်း က ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်ရှိ အဆိုပါ သမဝါယမအသင်းလီမိတက်ခြံဝန်း၌ အခြေခံစား သောက်ကုန်များအား ဒေသခံပြည်သူများထံသို့ ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေး လျက်ရှိသည်။ 


ထိုသို့ ရောင်းချပေးလျက်ရှိရာတွင် ငါးကမ္ဘာ(FISHLAND) စက်မှုကုန်ထုတ်လုပ်ငန်း သမဝါယမ အသင်းလီမိတက် ဥက္ကဋ္ဌ ဒေါ်အေးစုလှိုင်နှင့် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်ဝင်းနှင့် ဝန်ထမ်းများက အခြေခံစားသောက်ကုန်များဖြစ်သည့် ရွှေပုစွန်ခြောက်၊ ငါးနီတူခြောက်၊ ငံပြာရည်၊ ပုစွန်ငံပြာ ရည်အနှစ်၊ ပါပရာ၊ မရွတ်စိခြောက်၊ ငပိ၊ ချဉ်သီး၊ အုန်းဆီ အစရှိသော အခြေခံစားသောက်ကုန်များကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ ဒေသခံပြည်သူများနှင့် ဌာနဆိုင် ရာဝန်ထမ်းမိသားစုများက တစ်ခဲနက် ဝယ်ယူခဲ့ကြကြောင်း သိရှိရသည်။



တင်ထွန်းဦး၊ ဖြိုးဝေလင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)