အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လိုခြင်းမရှိတော့သည့်အတွက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခြင်းဖြစ်ကြောင်း ပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လိုခြင်းမရှိတော့သည့်အတွက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခြင်းဖြစ်ကြောင်း ပြော



MNP ၊ ဇွန် ၁၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက) အစိုးရ၏ သတင်းမှတ်ထုတ်ပြန်ရေးအဖွဲ့က PDF အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းများတွင် ပါဝင်နေသူများ ဥပဒေဘောင်အတွင်း လက်နက်များအပ်နှံပြီး ဝင်ရောက်မည်ဆိုပါက လက်နက်အမျိုးအစားပေါ်မူတည်၍ ဆုငွေများ ချီးမြှင့်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် PDF, KIA အဖွဲ့ဝင်များ လက်နက်အပ်နှံ၍ ဥပဒေဘောင်အတွင်း ဝင်ရောက်လာမှုများကို တွေ့မြင်လာရသည်။


ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လူသူ အမည်မဖော်လိုသူတစ်ဦး က "ကျွန်တော်တို့က ရိုးရိုးသားသား ဝန်ခံရရင် တပ်မတော်အပေါ်မှာ မုန်းတီးနာကျည်းစိတ်နဲ့ တော်လှန်ရေးလုပ်ဖို့ဆိုတဲ့အတွက်ကြောင့် ဒီလက်နက်ကိုင်အဖွဲ့တွေထဲကို ရောက်ခဲ့တာပေါ့ဗျာ။ သူတို့ ပြောတဲ့စကားတွေကို ယုံကြည်ခဲ့တယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့တာမျိုးတွေလည်း ရှိတယ်။ နောက်တော့ ကျွန်တော်တို့က လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ရတာမျိုး မဟုတ်တော့ဘဲနဲ့ အပြစ်မဲ့ ပြည်သူတွေကို လိုက်သတ်၊ ရတဲ့ ပစ္စည်းယူ၊ ဓားပြတိုက်ပြီး ကိုယ့်ဝမ်းရေးအတွက် ကိုယ်ဖြေရှင်းရတဲ့ အခြေအနေမျိုး ဖြစ်လာတယ်။ ဒီပုံစံအတိုင်းက ရေရှည်သွားလို့လည်း မဖြစ်နိုင်ဘူးဗျာ။ သူတို့က မစ်ရှင်တစ်ခုလုပ်တော့မှ ဘယ်လောက်ဆိုတာမျိုး ထောက်ပံ့တာလေဗျာ။ သူတို့သတ်ခိုင်းတဲ့သူ တစ်ယောက် သွားသတ်လိုက် ၂သိန်းပေးတယ်။ ၃သိန်းပေးတာ ရှိတယ်။ ကျန်တဲ့အချိန် ကျွန်တော်တို့က ဘာနဲ့ စားကြမလဲ။ ကျွန်တော်တို့တွေက သူတို့ကို ယုံကြည်ပြီး သူတို့ရဲ့ သြဇာခံအနေနဲ့ သူတို့တိုက်ဆိုရင် တိုက်တယ်။ သူတို့က သတ်ဆိုရင် သတ်ရတယ်။ ပြောချင်တာ က ကျွန်တော်တို့ တပ်ဖွဲ့ဝင် ၁၀ယောက်ရှိတယ်။ အဲဒီ ၁၀ ယောက်အတွက် တစ်လစာ ရိက္ခာအတွက်ဆိုပြီး ထောက်ပံ့ပေးတာမရှိဘူးလေဗျာ။ တစ်လစာ မပြောနဲ့ တစ်ပတ်စာဆိုပြီး ထောက်ပံ့ပေးတာတောင် မရှိဘူးဗျာ။ သူတို့ခိုင်းတာကို လုပ်ပေးတော့မှ ထောက်ပံ့ပေးတာဆိုတော့ ကျွန်တော်တို့က ကြေးစား အကြမ်းဖက်သမားတွေလို ဖြစ်လာတယ်။ ဆက်လုပ်လို့ မဖြစ်တော့ဘူးလို့ ယုံကြည်တဲ့အတွက် သေသေချာချာ စဉ်းစားပြီးမှ ဖြစ်ချင်ရာဖြစ်တော့လို့ ဆုံးဖြတ်ပြီး ဥပဒေက ပေးအပ်တဲ့ ပြစ်ဒဏ်ကို ခံမယ်လို့ ဆုံးဖြတ်ပြီး လက်နက်အပ်နှံခဲ့တာပါ" ဟု ပြောသည်။


ဥပဒေဘောင်အတွင်း လက်နက်အပ်နှံ၍ ဝင်ရောက်လာသည့်အချိန်တွင်လည်း တာဝန်ရှိသူများက နွေးထွေးစွာ ကြိုဆိုကြောင်း၊ ထုတ်ပြန်ကြေငြာထားသည့်တိုင်း လက်နက်အမျိုးအစားအပေါ်မူတည်၍ ဆုချီးမြှင့်ငွေများ ရရှိခဲ့ကြောင်း၊ တပ်မတော်က နိုင်ငံတော်တာဝန်များကို လွှဲပြောင်းတာဝန်ယူခဲ့ရသည့် အခြေအနေမှန်ကို ရှင်းလင်းပြောဆိုကြောင်း၊ ပြည်ပကို ထွက်ပြေးတိမ်းရှောင်သွားသူများ၏ လှုံ့ဆော်ပြောဆိုမှုများကိုသာ တစ်ဖက်သတ်ယုံကြည်ခဲ့မိခြင်းမှာ မှားယွင်းနေသည်ကို ပြန်လည်ဆင်ခြင်သုံးသပ်မိလာကြောင်း ပြောဆိုသည်။


ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် PDF အဖွဲ့ဝင် တစ်ဦးက "အခြားသော PDF အပါအဝင် အဖွဲ့အစည်းမျိုးစုံဖွဲ့စည်းပြီး အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေကြတဲ့ ညီအစ်ကိုမောင်နှမများကိုလည်း ဖိတ်ခေါ်ချင်ပါတယ်။ ကိုယ်တွေ လုပ်နေရတဲ့ အလုပ်ကို ကိုယ်တွေပဲ အသိဆုံးပါ။ တော်လှန်ရေးသန္ဓေဟာ မှန်သေးရဲ့လား။ တော်လှန်ရေးလို့ လှုံ့ဆော်နေကြတဲ့သူတွေမှာရော တာဝန်ခံမှုရှိသလား။ ကြေးစားလူသတ်သမားများအဖြစ် လိုက်ပါလုပ်ဆောင်နေခြင်းကြောင့် အပြစ်မဲ့ ပြည်သူများအတွက်လည်း ထိခိုက်နစ်ရတယ်။ ကိုယ့်သမိုင်းမှာလည်း ဖျောက်ဖျက်လို့ မရတဲ့ အမည်းစက်ကြီးတွေ ထင်ကျန်ခဲ့ပြီ။ ကိုယ့်ကြောင့် အတိဒုက္ခရောက်ခဲ့ရသူတွေလည်း များပြီပေါ့ဗျာ။ ဖြစ်နိုင်ရင်တော့ လက်နက်ရှိရင်လည်း လက်နက်အပ်နှံပြီး ဥပဒေဘောင်အတွင်းကိုဝင်၊ လက်နက်မရှိဘဲ ဝင်လာရင်လည်း အထိုက်အလျှောက် ကူညီပံ့ပိုးမှုပေးပါတယ်။ ဒီလိုအခြေအနေမျိုး လက်ခံလိမ့်မယ်လို့ လုံးဝထင်မထားဘူးပေါ့ဗျာ။ ကျွန်တော်တို့က အကြမ်းဖက်လမ်းစဉ်နောက်ကို လိုက်ခဲ့ကြတာပါ။ အဓမ္မဝါဒီတွေ လုပ်ကြံဖန်တီးပြောဆိုသမျှကို ယုံစားမိခဲ့ကြတာပါ" ဟု ပြောဆိုသည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က CDM ဝန်ထမ်းများ ပြန်လည်တာဝန်ထမ်းဆောင်နိုင်ရေး၊ အကြမ်းဖက်အဖွဲ့များတွင် ရောက်ရှိနေသူများ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်နိုင်ရေး ထုတ်ပြန်ကြေညာချက်များ ထုတ်ပြန်ပေးခဲ့ပြီးနောက်ပိုင်း PDF အဖွဲ့ဝင် ၄၈၀ ကျော် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာပြီး ဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)