MNP ၊ ဇွန် ၁၈
ကရင်ပြည်နယ်၊ ဘောကထနယ် မိအိကြီး-ကျွဲကျသွား တောလမ်းအတိုင်း မောင်းနှင်လာသည့် ဆိုင်ကယ် ၂ စီး၊ KNU/PDF အကြမ်းဖက် ၄ ဦးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ ထိပ်တိုက် တွေ့ဆုံခဲ့ပြီး ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့ရာ KNU/PDF အကြမ်းဖက်သမား ၂ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အသေဖမ်းဆီးရမိပြီး ၂ဦး ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။
KNU/PDF အကြမ်းဖက်သမားများထံမှ အမ်(၁၆)သေနတ် ၁ လက်၊ အမ်(၄)သေနတ် ၁ လက်၊ ကျည်အိမ် ၄ ခု၊ ကျည် ၁၈၃ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ ဆိုင်ကယ် ၁ စီး သိမ်းဆည်းရမိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များထဲမှ တပ်မတော်သား ၁ဦး ထိခိုက်ကျဆုံးခဲ့ပြီး ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
#MyanmarNationalPost



No comments:
Post a Comment