ကမ္ဘာ့သွေးလှူရှင်များနေ့ အထိမ်းအမှတ်အဖြစ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ စေတနာ သွေးလှူရှင်များနှင့် ပြည်သူများ စုပေါင်းသွေးလှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ကမ္ဘာ့သွေးလှူရှင်များနေ့ အထိမ်းအမှတ်အဖြစ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ စေတနာ သွေးလှူရှင်များနှင့် ပြည်သူများ စုပေါင်းသွေးလှူဒါန်း


MNP ၊ ဇွန် ၁၈

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဝန်ထမ်းများနှင့် ပြင်ပမှ စေတနာသွေးလှူရှင်များသည် ယမန်နေ့က နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ တနင်္သာရီ၊ မကွေး၊ ကချင်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)ရှိ မြို့ကြီးများရှိ သွေးဌာနများ၊ အထွေထွေရောဂါကုဆေးရုံများ၌ ဇွန် ၁၄ ရက်တွင် ကျရောက်ခဲ့သည့် ကမ္ဘာ့သွေးလှူရှင်များနေ့ အထိမ်းအမှတ်အဖြစ်  စုပေါင်းသွေးလှူဒါန်းကြရာ နေပြည်တော်ခုတင် (၁ဝဝဝ) အထွေထွေ ရောဂါကု ဆေးရုံကြီးသို့ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဦးအောင်ကျော်ထွန်းနှင့် ဗိုလ်မှူးချုပ် လူမွန် တို့ သွားရောက်ကြည့်ရှုအားပေးသည်။

စုပေါင်းသွေးလှူဒါန်းရာတွင် နေပြည်တော်တွင် ၅၄ ဦး အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ရှစ်ခု တွင် သွေးလှူရှင် စုစုပေါင်း ၅ဝ၅ ဦးတို့က ပါဝင်လှူဒါန်းခဲ့ပြီး အဆိုပါ သွေးလှူဒါန်းပွဲသို့ ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ဌာနကြီးမှူးများ၊ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူ များက သွေးလှူဒါန်းနေမှုများကို လိုက်လံကြည့်ရှု အားပေးကာ စားသောက်ဖွယ်ရာနှင့် ဆေးဝါးများ ပေးအပ်သည်။

ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက သွေးလှူဒါန်းမှုအတွက် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီး ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများက အမှတ်တရလက်ဆောင်များ ပြန်လည်ပေးအပ်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် နိုင်ငံတစ်ဝန်း သွေးလှူဒါန်းခြင်း လှုပ်ရှားမှုများကို လွန်ခဲ့ သည့် ၂ဝ၁၆ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ယခုအကြိမ်မှာ (၁၁)ကြိမ်မြောက် စုပေါင်း လှူဒါန်းခဲ့ပြီး သွေးအိတ်ပေါင်း ၁ဝဝဝဝ ကျော်ကို အရေးပေါ် သွေးလိုအပ်သူများနှင့် ဆေးကုသမှု များတွင် အသုံးပြု နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)