ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ စိန့်ပီတာစဘတ်မြို့၌ ကျင်းပသည့် (၂၆)ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ် တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ စိန့်ပီတာစဘတ်မြို့၌ ကျင်းပသည့် (၂၆)ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ် တက်ရောက်


MNP ၊ ဇွန် ၁၈

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရောက်ရှိနေသော ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့က ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ကျင်းပသည့် (၂၆) ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ် (26th St. Petersburg International Economic Forum)သို့ တက် ရောက်ကြသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားပတ်ဝန်းကျင်ဆိုင်ရာဌာန အထွေထွေညွှန်ကြားရေးမှူး မစ္စတာ ဒန်းနစ်ဘတ်စေးအိဗ်နှင့်အဖွဲ့အား ယမန်နေ့နံနက်ပိုင်းက တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား လူ့ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ကို ထိခိုက်စေသောသက်ရောက်မှုများကို တားဆီးရန်၊ စွမ်းအင် ထုတ်လုပ်ရန်အတွက် စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးပြုနိုင်ရန်၊ မြူနီစပယ်စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှုစနစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မြန်မာနိုင်ငံရှိ စွန့်ပစ်ပစ္စည်းများအား အမျိုးအစားခွဲခြားခြင်း ဆိုင်ရာ စီမံကိန်းများတွင် ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် မြန်မာကိုယ်စားလှယ် အဖွဲ့သည် ရုရှား-အာဆီယံ စီးပွားရေးကောင်စီဥက္ကဋ္ဌ မစ္စတာ အိုင်ဗီ ယန် ဗီတိုရိုဗစ်ရှ် ပိုလီရာကော့ဗ်နှင့် ယနေ့နံနက်ပိုင်းတွင် တွေ့ဆုံပြီး ရုရှားနိုင်ငံနှင့် အာဆီယံနိုင်ငံများ အကြား ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှုများ၊ ရုရှားနိုင်ငံနှင့် မြန်မာ နိုင်ငံတို့အကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီး ချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့သည် (၂၆)ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ်၏ မျက်နှာစုံညီ အစည်းအဝေးသို့ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာပူတင်နှင့် အယ်လ်ဂျီးရီးယားနိုင်ငံ သမ္မတ အက်ဘ်ဒယ်လ်မက်ဂျစ်ဒ် တက်ဘ် ဘုန်းတို့က အဖွင့်မိန့်ခွန်း ပြောကြားကြပြီး ရုရှားနိုင်ငံနှင့် ကမ္ဘာ့မျက်မှောက်ရေးရာကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ယင်းဖိုရမ်သို့ နိုင်ငံပေါင်း ၁၃၀ မှ ဧည့်သည်တော်ပေါင်း ၁၇၀၀၀ ကျော် တက်ရောက်ကြသည်။

စိန့်ပီတာစဘတ် နိုင်ငံတကာ စီးပွားရေးဖိုရမ်ကို ၁၉၉၇ ခုနှစ်မှစတင်၍ နှစ်စဉ်ကျင်းပခဲ့ပြီး ကမ္ဘာ့ စီးပွားရေးစိန်ခေါ်မှုများကို အဓိကထားဆွေးနွေးသည့် အစီအစဉ်တစ်ခုဖြစ်ကာ ရေရှည်ဖွံ့ဖြိုးတိုး တက်ရေးအတွက် အလေ့အကျင့် ကောင်းများနှင့် ကျွမ်းကျင်မှုများကို ဖလှယ်ရန်၊ ရုရှားဖက်ဒရေး ရှင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများအကြား လက်တွေ့ဆောင် ရွက်မှုများနှင့်စပ်လျဉ်း၍ တွေ့ကြုံ ရသည့် အခက်အခဲများနှင့် စိန်ခေါ်မှုများကို အမြင်ချင်းဖလှယ်ခြင်းဖြင့် အပြန်အလှန် အကျိုးကျေးဇူး ရရှိစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။

(၂၆)ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ်သို့ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် နှင့် ပုဂ္ဂလိကဘဏ်များမှ ကိုယ်စားလှယ် ၂၄ ဦး ပါဝင်တက်ရောက်ခဲ့ပြီး သက်ဆိုင်ရာ ကဏ္ဍအလိုက် စီးပွား ရေးအဖွဲ့အစည်းများနှင့် တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)