ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် Role of the Nuclear Industry in “Achieving Technological Sover-eignty and Technologies of the future ”ခေါင်းစဉ် ဖြင့် ကျင်းပသည့် မျက်နှာစုံညီအစည်းအဝေးတွင် ပါဝင်ဆွေေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် Role of the Nuclear Industry in “Achieving Technological Sover-eignty and Technologies of the future ”ခေါင်းစဉ် ဖြင့် ကျင်းပသည့် မျက်နှာစုံညီအစည်းအဝေးတွင် ပါဝင်ဆွေေးနွေး


MNP ၊ ဇွန် ၁၈

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရောက်ရှိနေသော လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ယမန်နေ့က စိန့်ပီတာစဘတ်မြို့၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ စီးပွားရေးဖိုရမ် ၂၀၂၃(SPIEF’23)တတိယနေ့ အခမ်းအနားသို့ တက်ရောက်သည်။

ပြည်ထောင်စုဝန်ကြီးသည် Role of the Nuclear Industry in “Achieving Technological Sover-eignty and Technologies of the future ”ခေါင်းစဉ် ဖြင့် ကျင်းပသည့် မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်ဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးက Nuclear Industry သည် Technological Sover-eignty ရှိသည့် အဖွဲ့အစည်းတစ်ခုဖြစ်ရန်နှင့် အနာဂတ် နည်းပညာ ဖွံ့ဖြိုးတိုးတက်လာရေးတို့တွင် အရေးပါသည့် အခန်းကဏ္ဍက ပါဝင်ကြောင်း၊ Nuclear Industry သည် သိပ္ပံပညာရပ်များတွင် တိုးတက်မှုနှင့် နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများကို ကျော်လွှား ရန်အတွက် များစွာအထောက်အကူ ဖြစ်စေကြောင်း၊ Nuclear Technology ကို ဓာတ်အား ထုတ်လုပ်သည့် နေရာတွင်သာမက အခြားကဏ္ဍများ တွင်လည်း အသုံးချဆောင်ရွက်လျက် ရှိကြောင်း၊ နျူကလီးယားဓာတ်အားပေးစက်ရုံများ၏ Safety နှင့် Efficiency တိုးတက် မြင့်မားလာမှုသည် ရေရှည်အသုံးပြုနိုင်မှုကို မြှင့်တင်ပေးနိုင်သကဲ့သို့ ဆေးပညာ၊ စက်မှု၊ စိုက်ပျိုးရေးနှင့် အာကာသသို့ သွားရောက်စူးစမ်းရှာဖွေမှု စသည့်ကဏ္ဍအမျိုးမျိုးတွင်လည်း ဖွံ့ဖြိုးတိုးတက်အောင် များစွာအထောက်အကူပြုလျက်ရှိကြောင်း၊ ကာဗွန်ဒိုင်အောက်ဆိုက် ကင်းစင် သည့် Global Economy အတွက် ယနေ့ Fossil Fuel အပေါ် မှီခိုနေသည့် ကဏ္ဍအားလုံးတွင် ကာဗွန် ဒိုင်အောက်ဆိုက်ကို လျှော့ချသွားရန်လိုကြောင်း၊ ယင်းအခြေအနေကို ရောက်ရန်အတွက် Nuclear Energy သည် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ Nuclear Energy သည် ရေအားပြီးလျှင် ကမ္ဘာ့ဒုတိယအကြီးဆုံး ကာဗွန်ဒိုင်အောက်ဆိုက် မထုတ်လွှင့်သည့် စွမ်းအင် အရင်းအမြစ်ဖြစ်ကြောင်း၊ Technological Sovereignty ရရှိရန်အတွက် Nuclear Industry မှာ သုတေသနဖွံ့ဖြိုးမှုလုပ်ငန်းများ ပညာရေးနှင့်လေ့ကျင့်ရေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် လိုအပ်ကြောင်း၊ မျိုးဆက်သစ်  သိပ္ပံပညာရှင်များ၊ အင်ဂျင်နီယာများနှင့် အတတ်ပညာရှင်များကို ပြုစုပျိုးထောင်ပေးရန်လိုကြောင်း၊ နျူကလီးယား သိပ္ပံနှင့်နည်းပညာကဏ္ဍများတွင် အသိပညာနှင့် စွမ်းဆောင်ရည်များကို လူငယ်များအား ဖြည့်ဆည်းပေးခြင်းအားဖြင့် စဉ်ဆက်မပြတ် တိုးတက်နေသည့် အနာဂတ်ဆီသို့ တက်လှမ်းနိုင်မည်ဖြစ်ကြောင်း၊ Nuclear Power ကို လက်ခံယုံကြည်ခြင်း၊ သုတေသနနှင့် ဖွံ့ဖြိုးမှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းနှင့် အနာဂတ်မျိုးဆက်သစ် ပညာရှင်များကို ပျိုးထောင်ပေးခြင်းအားဖြင့် Nuclear Industry ၏ နည်းပညာဆိုင်ရာ အလားအလာများ ကို ဖော်ထုတ် ရယူနိုင်မည်ဖြစ်သည့်အတွက် သာယာဝပြောပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်နေသည့် Technological Sovereignty ရှိသည့် အနာဂတ်ဆီသို့ လျှောက်လှမ်း နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် Nova Wind JSC နှင့်အတူ System Operator of the United Power System, Joint –stock Company ၏ Chairman of the Management Board, Mr. Ferdor Opadchiy နှင့် တွေ့ဆုံ၍ ဓာတ်အားစနစ် တည်ငြိမ်စွာ ထိန်းသိမ်းဆောင်ရွက်နိုင် ရေးအတွက် Power System Planning အပိုင်းတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။ 


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)