ညောင်ဦးမြို့နယ်၌ စိမ်းလန်းစိုပြေသာယာလှပရေး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့နယ်၌ စိမ်းလန်းစိုပြေသာယာလှပရေး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

 




MNP ၊    ဇွန်   ၁၂

မန္တလေးတိုင်ဒေသကြီး၊ ညောင်ဦးမြို့နယ် သစ်တောဦးစီးဌာနက ဦးဆောင်ကျင်းပသည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့ နံနက် ၇ နာရီခွဲအချိန်က မြန်မာ့မီးရထား၊ ပုဂံဘူတာဝင်းအတွင်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပခဲ့ကြောင်း သိရသည်။


ညောင်ဦးမြို့နယ်၊ စိမ်းလန်းစိုပြေသာယာလှပရေး မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင်ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးနန်းတင့်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် များကိုစိုက်ပျိုးမည့် သစ်ပင်များပေးအပ်ပြီး ညောင်ဦးခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌဒေါ်ထွေးထွေးဝင်းနှင့်အဖွဲ့ဝင်များ၊ညောင်ဦးမြို့နယ်အမျိုး သမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာဝင့် နှင့်အဖွဲ့ဝင်များ၊ ညောင်ဦးခရိုင်/မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ သစ်တောဦးစီးဌာနမှ ဦးသိန်းဝင်းဇော်(ဦးစီးအရာရှိ)နှင့်ဝန်ထမ်းများ၊ မြန်မာ့မီးရထား(ပုဂံဘူတာ)မှ ဝန်ထမ်းများက တပြေဘူတ၊ ယင်းမာ၊ စိန်ပန်း၊ မယ်ဇလီပင်များစိုက်ပျိုးခဲ့ကြပြီး နှစ်ပေအထက်သစ်ပင် (၃၀၀) ပင် စိုက်ပျိုးခဲ့ကြောင်း စိုက်ပျိုးပြီးသည့်သစ်ပင်များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်နှင့်ခရိုင်စီမံအဖွဲ့ ဝင်များ၊ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးနန်းတင့်နှင့် စီမံအဖွဲ့ဝင်များမှလိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပြီးအမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ခဲ့ ကြကြောင်း သိရသည်။


ဒီပါလင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)