စစ်ဆေးမခံရတဲ့ Starlink အင်တာနက်ရဲ့ အားသာချက်က အခြားနိုင်ငံခေါင်းဆောင်းတွေ၊ အစိုးရအရာရှိတွေ၊ အဖွဲ့အစည်းမျိုးစုံတွေ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် တိုက်ရိုက်ဆက်သွယ်နိုင်မယ်။ အခါပေးနိုင်မယ်၊ အခြားစစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်တွေနှင့် စစ်ရေးဗျူဟာတွေ ဆွေးနွေးနိုင်မှာဖြစ်တယ်။ အဲ့ဒီလိုလုပ်ဆောင်လာခဲ့ရင် ပိုမိုကြီးမားတဲ့ ပရမ်းပတာ ဖရိုးဖရဲနဲ့ ပြဿနာတွေဖြစ်စေလာပြီး ပဋိပက္ခကို ပိုမိုဆိုးရွားသွားစေမှာသေချာတယ်။
အမေရိကန်အစိုးရက ပံ့ပိုးပေးတဲ့ Starlink အင်တာနက်ကတဆင့် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းရဲ့ အခြေအနေ အစစ်အမှန်ကို ပြင်ပကမ္ဘာကို ပေးပို့ပါမယ်လို့ Free Burma Ranger (FBR) အရေခြုံဖြစ် တဲ့ David Eubank က တွယ်တာမှာ ရေးသားထားပါတယ်။ FBR အဖွဲ့သည် အမေရိကန်စစ်ပြန်တွေ နဲ့ဖွဲ့စည်းထားပြီး KNU/KNPP အပါအဝင် အခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို စစ်ရေး၊ နည်းပညာ၊ ငွေကြေး ထောက်ပံ့ပေးနေတဲ့အဖွဲ့ ဖြစ်ပါတယ်။
စစ်သားဖြစ်စေ၊ အရပ်သားဖြစ်စေ အင်တာနက်အသုံးပြုနိုင်ရင် ဆက်တိုက်ရဦးမယ့်စစ်ပွဲအတွက် အရေးကြီးတယ်။
Starlink က စစ်မြေပြင်သုံး ပထမဆုံးစီးပွားဖြစ် ဂြိုဟ်တုဝန်ဆောင်ပေးတဲ့ လုပ်ငန်းမဟုတ်ပါ။ ပထမပင်လယ်ကွေ့စစ်ပွဲတွင် အမေရိကန်စစ်တပ်က ပုဂ္ဂလိကကွန်ရက်များကို မှီခိုအားထားပြုခဲ့ရာ ကမ္ဘာတဝန်းရှိ ပဋိပက္ခဇုန်အတွင်း အဓိကကျတဲ့ ကွန်ရက်ဆိုင်ရာနည်းဗျူဟာ ဖြစ်လာခဲ့တယ်။
သမားရိုးကျဆက်သွယ်ရေးစက်များ ရပ်တန့်သွားပြီး အမြောက်များ တရစပ်ပစ်ခတ်နေချိန်မှာပင် ယူကရိန်းတပ်ဖွဲ့များက Starlink အင်တာနက်ချိတ်ဆက်မှုကတစ်ဆင့် စစ်ပွဲအတွင်း နောက်ဆုံး ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို သိမ်းဆည်းထားပြီး ဗုံးခိုကတုတ်ကျင်းထဲမှာနေပြီး လုံခြုံစိတ် ချစွာဖြင့် သူတို့စမတ်ဖုန်းကိုယ်စီကိုင်ရင်း အလှည့်ကျတာဝန်ကို သိရှိထမ်းဆောင်နေနိုင်တယ်လို့ သိရပါတယ်။
ယူကရိန်းတပ်ဖွဲ့များက တန်ပြန်တိုက်ခိုက်ရေး (သို့မဟုတ်) အမြောက်ပစ်ခတ်မှု တားဆီးရန် စီစဉ်တဲ့အခါ လူမနေတော့သည့် အိမ်ခြံဝင်းတစ်ခုရှိ ကတုတ်ကျင်းက အဖြူရောင်စတုဂံပုံနှင့် မီးခိုး ရောင်အဆင်းရှိ Starlink ဂြိုဟ်တုဖမ်းယူစက်မှတဆင့် နောက်ဆုံးအချိန်အထိ အထက်အရာရှိ များကို ဖုန်းခေါ်ဆိုပြီး အမိန့်တောင်းခံနိုင်ကြတယ်။
ထိုနည်းလမ်းမှာ စစ်ဘက်သုံးဆက်သွယ်ရေး သက်သက်မဟုတ်ဘူး။ ယူကရိန်း အင်ဂျင်နီယာ တပ်သားအချို့က တိုက်ပွဲပြင်းထန်နေစဉ်အတွင်း ပြည်တွင်းဆဲလ်ဖုန်းကွန်ရက်များ ပြတ်တောက်သွားသည့်တိုင် နေ့စဉ် စကားဝှက်များဖြင့် ဂြိုဟ်တုမှတစ်ဆင့် မတ်ဆေ့ချ်ပို့၍ မိတ်ဆွေများ၊ မိသားစုများ ထံ သူတို့ဘေးကင်းစွာ ရှိနေကြောင်း အသိပေးနိုင်ကြတယ်။
“ကျနော်တို့မှာ Starlink စခန်းပေါင်း ၁၁,၀၀၀ ကျော်ရှိပါတယ်။ အဲဒီစခန်းတွေက ကျနော်တို့ နေ့စဉ်တိုက်ပွဲတွေအတွက် အထောက်အကူပြုပေးနေပါတယ်” လို့ ယူကရိန်းဒုတိယဝန်ကြီးချုပ် မိုင်ခိုင်လိုဖီဒိုရော့ဗ်က Politico မီဒီယာကို ပြောပါတယ်။ “ကျနော်တို့က အဆင်သင့်ပြီ၊ လျှပ်စစ်မီး မရ၊ ပုံမှန်အင်တာနက်လိုင်းမရရင်တောင် ယူကရိန်းမှာရှိတဲ့ ဘယ်လိုချိတ်ဆက်မှုမဆို အင်တာ နက်ပြန်ရအောင် Starlink စက်တွေသုံးပါမယ်” လို့ သူဆက်ပြောတယ်။
ယူကရိန်းစစ်သားများအတွက် စစ်အရှိန်မြင့်နေစဉ်မှာ အဆက်အသွယ်မပြတ်စေဖို့ သေချာတဲ့ နည်း လမ်းရရှိလိုကြောင်း ဇာလန်းစကီးအစိုးရက ကောင်းစွာသဘောပေါက်ထားသည်။ ယူကရိန်းနိုင်ငံ သားများက လူမှုကွန်ရက်မီဒီယာပေါ်သို့ မကြာခဏလွှင့်တင်လေ့ရှိကြတဲ့ရုရှားတိုက်ခိုက်နေပုံ ဗီဒီယိုဖိုင်အကြမ်းများကို ကမ္ဘာ့တဝန်းရှိ စမတ်ဖုန်းများမှ တိုက်ရိုက်ကြည့်ရှုနိုင်ခဲ့တယ်။
The Economist မီဒီယာ ဖော်ပြချက်အရ ယူကရိန်းစစ်သားများက အလားအလာရှိသော ရုရှားပစ်မှတ်များရဲ့ ဓာတ်ပုံများကို တင်ဖို့ Starlink အင်တာနက်ကို ချိတ်ဆက်သုံးစွဲနေကြတယ်။ အဲ့ပုံများကို တပ်မှူးများက နောက်ပိုင်းမှာ အကဲဖြတ်ပြီး ပစ်မှတ်ကို ဗုံးခွဲတိုက်ခိုက်ရမှာလား၊ ဘယ်နေရာကနေ ဗုံးခွဲနိုင်သလဲဆိုတာကို ကောက်ချက်ချကြတယ်။ “အဲဒါက အခုထိသုံးနေရတုန်းဖြစ်တဲ့ တိုက်ခိုက်ရေး ညှိနှိုင်းဆောင်ရွက်ရာမှာ အရင်ကထက် ပိုမြန်လာပါတယ်” လို့ သူထည့်ပြောတယ်။
ဒါပြင် Starlink က ဒရုန်းစစ်ဆင်ရေးကို ပိုမိုလွယ်ကူပြီး အဆင်ပြေချောမွေ့စေတယ်။ ပင်လယ်နက် အတွင်းရှိ ရုရှားစစ်သင်္ဘောအုပ်စုရဲ့ ခရိုင်းမီးယားဌာနချုပ်ဖြစ်တဲ့စီဗက်စတိုပေါလ်ကို အောင်မြင်စွာ တိုက်ခိုက်နိုင်ရန်အတွက် ယူကရိန်းက အင်တာနက်ဝန်ဆောင်မှုကို ကောင်းစွာအသုံးချခဲ့ကြောင်း သတင်းများဖော်ပြခဲ့ပြီးဖြစ်တယ်။
“Starlink ဟာ ကျနော်တို့အသက်ဆက်နိုင်ဖို့ အောက်ဆီဂျင်ဖြစ်တယ်” လို့ စစ်သားတစ်ဦးရဲ့ပြော စကားကို သတင်းတစ်ပုဒ်တွင် တွေ့ရခြင်းအား ထောက်ရှုကြည့်ရင် ယူကရိန်းတပ်များက Starlink အပေါ် မှီခိုအားထားသည့်အနေအထား ပိုမိုသိသာထင်ရှားလာစေခဲ့တယ်။ တကယ်လို့ အဲဒီဝန်ဆောင်မှု ရပ်တန့်သွားရင် ယူကရိန်းစစ်တပ်လည်း ပရမ်းပတာဖြစ်နိုင်သွားကြောင်း အဆိုပါစစ် သားက ထပ်လောင်းပြောကြားခဲ့တယ်။
အခု ကယားပြည်နယ်မှာ အမေရိကန်အစိုးရပံ့ပိုးပေးတဲ့ Starlink အင်တာနက် စသုံးနေပြီ၊ မြန်မာ နိုင်ငံမှာ ဘာဆက်ဖြစ်မလဲ။ အကြမ်းဖက်လှုပ်ရှားမှုတွေမှာ အမေရိကန်နိုင်ငံသားတွေ ပါဝင်လာတဲ့အခြေအနေတွေကိုလည်း မြင်တွေ့နေရပြီ။ မြန်မာနိုင်ငံရေးရဲ့ ပြည်တွင်းရေးအပေါ် အမေရိကန်ရဲ့ ပါဝင်ပတ်သက်မှုဟာ သည်းခံနိုင်မှုအတိုင်းအတာကို ကျော်လွန်သည်အထိ ဖြစ်ပေါ်လာပြီဆိုတာကိုတော့ သတိပေးခေါင်းလောင်း ထိုးလိုက်ချင်ပါတယ်။
Ref - https://indianexpress.com/article/explained/explained-global/how-elon-musks-starlink-is-helping-ukraine-in-the-fight-against-russia-8373736/
#MyanmarNationalPost

No comments:
Post a Comment