တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို မြန်မာ့လက်ရွေးစင်အားကစားသမားများအား ဂုဏ်ပြုပွဲ အခမ်းအနားသို့တက်ရောက်ချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို မြန်မာ့လက်ရွေးစင်အားကစားသမားများအား ဂုဏ်ပြုပွဲ အခမ်းအနားသို့တက်ရောက်ချီးမြှင့်









MNP ၊ ဇွန် ၁၂

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က  ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် (၃၂)ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင်ပွဲ(Sea Games) တွင်ဆုတံဆိပ် ဆွတ်ခူးရရှိခဲ့သော တနင်္သာရီတိုင်းဒေသကြီးမှမြန်မာ့လက်ရွေးစင် အားကစားသမားများအား ဂုဏ်ပြုပွဲအခမ်းအနားကိုယနေ့နံနက် ၁၀ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။


အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို က အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် နိုင်ငံ့ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်ပြီးအောင်မြင်မှု ဆုတံဆိပ်များဆွတ်ခူးနိုင်ခြင်းသည် နိုင်ငံတော်၏ ဂုဏ်သိက္ခာကို မြင့်မားတိုးတက် စေသလိုမိမိတိုင်း၊ မိမိဒေသဂုဏ်အဆင့်အတန်းကို မြင့်မားတိုးတက်စေသောကြောင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့်အခုလိုဂုဏ်ပြုချီးမြှင့်ရခြင်းဖြစ်ကြောင်း၊ ပြီးခဲ့သော (၅.၅.၂၀၂၃) ရက်နေ့မှ (၁၇.၅.၂၀၂၃) ရက်နေ့အထိကမ္ဘော ဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့်(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ရန်တနင်္သာရီတိုင်းဒေသကြီးက ဗိုဗီနမ်(ခွန်ဘိုကာတာ) အားကစားနည်းအမျိုးသမီး(၁)ဦး၊ ဂျူဒိုအားကစား နည်းအမျိုးသမီး(၁)ဦး၊ လက်ဝှေ့အားကစားနည်းအမျိုးသမီး(၂)ဦး၊ ဘော်လီဘောအားကစားနည်းအမျိုးသမီး(၁)ဦး၊ စုစုပေါင်း(၅)ဦးမြန်မာ့လက်ရွေးစင်အဖြစ် အရွေးချယ်ခံခဲ့ရပြီး ဗိုဗီနမ်အားကစားနည်းကို သွားရောက်ယှဉ်ပြိုင်ခဲ့ရာတွင် ရွှေတံဆိပ်(၁)ခု၊ ငွေတံဆိပ်(၁)ခု၊ ဂျူဒိုအားကစားနည်းက ငွေတံဆိပ်(၁)ခု၊ လက်ဝှေ့အားကစားနည်းက ကြေးတံဆိပ်(၂)ခု ဆွတ်ခူးနိုင်ခဲ့ကြောင်း၊ အမျိုးသမီး အားကစားသမားများအနေဖြင့်ဆုတံဆိပ်များဆွတ်ခူးနိုင်ခဲ့ခြင်းသည် တိုင်းဒေသကြီး မှာ များစွာဂုဏ်တက်စေသည့်အတွက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် သော်လည်းကောင်း၊ တိုင်းဒေသကြီး အတွင်းမှာရှိသောပြည်သူလူထု ကိုယ်စားသော်လည်းကောင်းများစွာနှစ်ထောင်းအားရ ချီးကျူးဂုဏ်ပြုပါ ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးမြန်မာ့လက်ရွေးစင်အားကစားမောင်/မယ်များအနေဖြင့်၂၀၂၅ခုနှစ်၊ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ် မည့်(၃၃)ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင်ပွဲများတွင် ယခုထက်မက ပိုမိုအောင်မြင်မှုရရှိ အောင် မလျှော့သော ဇွဲ ၊ လုံ့လ ၊ အားမာန် ၊ စိတ်ဓါတ်တွေဖြင့်ရေကုန်ရေခန်းပြိုင်ပွဲဝင်နိုင်ရေး ယခုကတည်းက အားထုတ် ကြိုးပမ်း ပြင်ဆင်သွားကြရန်လိုအပ်ကြောင်းဂုဏ်ပြုပြောကြားသည်။


ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့က ခွန်ဘိုကာတာ(ဗိုဗီနမ်)အားကစားနည်းမှ (၁+၂) အတွဲလိုက်ပြိုင်ပွဲတွင်ပထမ (ရွှေ) တံဆိပ် ဆွတ်ခူးရရှိသောမနီလာစိုးဦးအား ဂုဏ်ပြုဆုငွေကျပ်(၂၅)သိန်း၊ တစ်ဦးချင်းစွမ်းရည်ပြပြိုင်ပွဲတွင်ဒုတိယ(ငွေ)တံဆိပ် ဆွတ်ခူးရရှိသော မနီလာစိုးဦး အား ဂုဏ်ပြုဆုငွေကျပ်(၁၅)သိန်း၊ ဂျူဒိုအားကစားပြိုင်ပွဲတွင် ဒုတိယ(ငွေ)တံဆိပ် ဆွတ်ခူး ရရှိခဲ့သောမခြူးမြတ်နိုးဝေ အားဂုဏ်ပြုဆုငွေကျပ်(၁၅)သိန်း၊ လက်ဝှေ့ပြိုင်ပွဲတွင်တတိယ(ကြေး)တံဆိပ် ဆွတ်ခူးရရှိခဲ့သော မကေသွယ်မိုးအား ဂုဏ်ပြုဆုငွေကျပ်(၁၀)သိန်း၊ တတိယ(ကြေး)တံဆိပ် ဆွတ်ခူးရရှိခဲ့သောမစုမြတ်နိုးအား ဂုဏ်ပြုဆုငွေ ဂုဏ်ပြုဆုငွေကျပ် (၁၀)သိန်းအားလည်းကောင်း၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာနှင့်မိခင်နှင့်ကလေးအဖွဲ့ကဆုရ အားကစားသမားများအားဂုဏ်ပြုဆုငွေ(၅)သောင်းကျပ်အားလည်းကောင်းအသီးသီးပေးအပ်ချီးမြှင့်ပြီး ဆုရအားကစား သမားများကိုယ်စား အားကစားသမား(၁)ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


ကျော်ကျော်လတ်

#MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)