MNP ၊ ဇွန် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၉)အခြေခံပညာမူလတန်းကျောင်းနှင့် အမှတ်(၁)ရပ်ကွက်ရှိနေအိမ်များတွင် သွေးလွန်တုတ်ကွေး ရောဂါမဖြစ်စေရေးအတွက် ကြိုတင်ကာကွယ်သည့်လုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင်ကျောင်းနှင့်နေအိမ်များရှိ ခြင်ခိုအောင်နိုင်သောနေရာများ ခြင်ဆေးမှုတ်ခြင်း၊ ရေကန်များအား အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်စုစုပေါင်း(၁၅)ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒေါ်အေးအေးအောင်
https://t.me/MyanmarNationalPost


No comments:
Post a Comment