ပေါင်မြို့နယ် Community Centre တွင် ကမ္ဘာ့သွေးအလှူရှင်များနေ့ အသိပညာပေး Talk Show ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ် Community Centre တွင် ကမ္ဘာ့သွေးအလှူရှင်များနေ့ အသိပညာပေး Talk Show ပြုလုပ်



MNP ၊    ဇွန်   ၁၄

မွန်ပြည်နယ်၊  ပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပေါင်မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်း၍ကမ္ဘာ့သွေးအလှူရှင်များနေ့  အသိပညာပေး Talk Show ဆွေး နွေးပွဲကို ယနေ့ နေ့လယ် ပိုင်းက မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်း ပပြုလုပ်ခဲ့သည်။  


ရှေးဦးစွာမြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုး က အသိပညာပေး (TALK   SHOW) အစီအစဉ် ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးသည်။


ထို့နောက် ပေါင်မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဌ ဦးအောင်မင်းနိုင်က ကြက်‌ခြေနီအသင်းခွဲအနေဖြင့် ယနေ့သည်သွေးအလှူရှင်နေ့ဖြစ်သည့်အတွက်ကြက်ခြေနီအသင်းသားများ၊သွေးလှူဒါန်းမှုပြုလုပ်နေပါကြောင်း၊မည်သူမဆိုအချိန်မရွေးနေရာမရွေးသွေးလှူဒါန်းနိုင်ပါကြောင်းဆွေးနွေးသည်။


ဆက်လက်၍ကြက်ခြေနီအသင်းခွဲဒုတပ်ခွဲမှူးဒေါ်နှင်းအိဖွေးလွင်က သွေးအလှူရှင်စုဆောင်းရေးကိုစည်းရုံးဆောင်ရွက်မှုများ သွေးသန့်သွေးအလှူရှင်ဖြစ်ဖို့ လိုက်နာနေထိုင်ရမည့်အရာများ၊သွေးလှူဒါန်းမှုပြုလုပ်ရာတွင် လွဲမှားနေသည့်အယူအဆတွေရှိကြပါသည်။(ဥပမာ)သွေးလှူခြင်းကြောင့် ဘယ်တော့မှ  သွေးပေါင်မပြည့်တော့ပါဘူး၊ တက်တူးထိုးထားသူသွေးလှူခွင့်မရှိတော့ဘူး စသည်ဖြင့်မှားယွင်းနေပါသည်။ထိုသူများသည် သွေးလှူဒါန်းခွင့်ရှိပါ‌ကြောင်း သွေးလှူလို့မရတဲ့သူတွေကတော့ (ဥပမာ) သွေးကြောင့်ကူးစက်တက်တော့ရောဂါ ရှိတဲ့သူတွေ၊ သွေးမတိတ်တဲ့ရောဂါရှိသူများ၊ပေါင်ချိန်(၁၀၀)အောက်ရှိသူများ သွေးလှူလို့မဖြစ်နိုင်ပါနိုင်ပါ‌ကြောင်းစသည့်အပြင် ပြည်သူများ သိသင့်သိထိုက်သော အကြောင်းအရာများကိုဆွေးနွေးခဲ့ကြောင်းသိရပါသည်။


ပေါင်မြို့နယ် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာများတိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ် ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်‌လျှက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)