MNP ၊ ဇွန် ၁၄
ရခိုင်ပြည်နယ် ၊ သံတွဲခရိုင်၊ ငပလီမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့နေ့လည် (၁၂း၀၀)နာရီအချိန်က ငပလီမြို့စျေးဆိုင်တန်းမှစာဖတ်ပရိတ်သတ်များအား အခမဲ့ငှားရမ်းပေးခဲ့ကြောင်းသိရသည်။
ထိုသို့ စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးရာတွင် ငပလီမြို့၊ ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးမှမြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက စာကြည့်တိုက်သို့ အလုပ်မအားလပ်၍မလာရောက်နိုင်သည့် စာဖတ်ပရိသတ် ပြည်သူများအားအသိပညာ ဗဟုသုတတိုးပွားစေရေးနှင့် စာအုပ်စာပေများကို ဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိ စေရေး၊ဗဟုသုတတိုးပွားစေရေး၊စာဖတ်ရှိန်မြှင့်တင်ရေး ရည်ရွယ်ပြီး သုတ၊ရသစာအုပ်များကို တစ်ပတ်ငှားစနစ်ဖြင့်ငှားရမ်းပေးခဲ့သည်။
အဆိုပါ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များအခမဲ့ငှားရမ်းပေးခြင်းကို တစ်ပတ်ပြည့်လျှင်စာအုပ်၊စာစောင်အသစ်များဖြင့်လဲလှယ်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment