ပေါင်မြို့နယ် Community Centre တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အသိပညာပေးTalk Show ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ် Community Centre တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အသိပညာပေးTalk Show ပြုလုပ်


MNP ၊    ဇွန်   ၁၃

မွန်ပြည်နယ်၊  ပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍မိုးရာသီကာလအတွင်း ခြင်မှတစ်ဆင့် ဖြစ် ပွားတတ်သည့် သွေးလွန်တုပ် ကွေးရောဂါကာကွယ်ရေးအကြောင်း အသိပညာပေး Talk Show ဆွေး နွေးပွဲကို ယနေ့ နေ့လယ်  ( ၁ ) နာရီ အချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်း ပပြုလုပ်ခဲ့သည်။  


ရှေးဦးစွာမြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုး က အသိပညာပေး (TALK   SHOW) အစီအစဉ် ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးသည်။


ထို့နောက်မြို့နယ်ပြည်သူ့ကျန်းမာရေဦးစီးဌာနမှ ငှက်ဖျားတာဝန်ခံ ဦးဂျွိုင်းကိုကို က   ခြင်မှတစ်ဆင့် သွေး လွန်တုပ်ကွေးရောဂါဖြစ်ပွား

ရခြင်းအကြောင်းအရင်းများ၊ ခြင်မပေါက်ပွားနိုင်ရန် ကြို တင်ကာကွယ်ရေး  (ဖုံး/သွန်/ခပ်/စစ်/လောင်း/ထောင်/လဲ/ ဖွင့်/မြှုပ်/ရှင်း/ထည့်) နည်းလမ်းများ၊ ခြင်မကိုက်စေရန် တစ်ကိုယ်ရည် ကာကွယ်ရေး နည်းလမ်းများနှင့်ကျန်းမာရေးဌာနနှင့်ပူးပေါင်းအဖွဲ့များက ရပ်ကွက်များအတွင်းရှိ ကျောင်းများ၊ လူနေအိမ်များအားလုံးကို အဘိတ်ဆေးခတ်ခြင်းနှင့်ကျောင်းများတွင် ခြင်ဆေးခတ်ပေးခြင်း ဆောင်ရွက်ပေးမှု များအပေါ် မိဘပြည်သူများက ပူးပေါင်း ပါဝင်စေရေး ပညာပေးဆွေး နွေးပေးခဲ့သည်။


ပေါင်မြို့နယ် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာများတိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ် ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်‌လျှက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)