MNP ၊ ဇွန် ၁၃
ဇွန် ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ယနေ့ နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါသတင်းစကားလက်ကမ်းစာစောင်တွင် မူးယစ်နှင့်ပတ်သတ်သည့် ဆောင်ပုဒ်များ၊ မူးယစ်ဆေးဝါးအန္တာရာယ် အမျိုးသားရေးအသွင်တိုက်ဖျက်၊ ထိထိရောက်ရောက် ရှာဖွေဖော်ထုတ်၊ မူးယစ်ဆေးသုံးစွဲရခြင်းအကြောင်းအရင်း၊ မူးယစ်ဆေးဝါးတို့ရှောင်ရှားကဗျာ၊ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ၊ ကျောင်းသားလူငယ်များသိရှိလိုက်နာသင့်သည့် အချက်များ၊ မူးယစ်တိုက်ဖျက်ရေးတွင်ပါဝင်ဆောင်ရွက်ခဲ့သည့်ပုံရိပ်များနှင့် ကာတွန်းများဖြင့် ကဏ္ဍစုံလင်စွာ ဖော်ပြပါရှိကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စောင်ရေ (၂၀၀၀၀၀)အခမဲ့ထုတ်ဝေခြင်းဖြစ်ပြီး မိုင်းခုတ်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စောင်ရေ(၂၆၄)စောင် အခမဲ့ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း သိရ သည်။
သီတာအေး
https://t.me/MyanmarNationalPost



No comments:
Post a Comment