MNP ၊ ဇွန် ၁၃
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊မြစ်သားမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်ပညာသင်နှစ်အတွက် ခရိုင်ပညာရေးမှူးနှင့် အထက် တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများတွေ့ ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်က မြစ်သားမြို့ အခြေခံပညာအထက်တန်းကျောင်း ကျန်စစ်သားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောက်ဆည်ခရိုင်ပညာရေးမှူး ဒေါက်တာ ဥမ္မာကြည်မှ ကျောင်းနေအရွယ်ကလေးအားလုံးကျောင်းနေနိုင်ရေး၊နိုင်ငံသားများ၏ မွေးရာပါအခွင့်အရေးဖြစ်သော ပညာသင်ယူခွင့်ကိုနိုင်ငံသားတိုင်း ခံစားခွင့်ရရှိစေရန်၊ နှစ်ချို့ကင်းကွာနေသော ကျောင်းသူ/ကျောင်းသားများ ပြန်လည်လက်ခံနိုင်ရေး၊ ကျောင်းအတွင်း/အပြင်ဥပဓိရုပ်ကောင်းမွန်စေရေးနှင့် ဝန်ထမ်းစည်းမျဥ်း/စည်းကမ်းများ လိုက်နာရမည့် အကြောင်းအရာများ ပြောကြား ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် မြစ်သားမြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ပြုံးကြည်မှ လုပ်ငန်းစဥ်များနှင့် ပတ်သက်၍ ပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဆရာကြီး ဦးကျော်ဟန်မှ ကျောင်းသူ/ကျောင်းသားများကို ပညာတက်အောင်သင်ကြားပေးရုံသာမက ဘဲကိုယ်ကျင့်တရားကောင်းမွန်စေရန်နှင့် ယဥ်ကျေးလိမ္မာအောင်လည်း ပြုစုပျိုးထောင်သင်ကြားပေးရန် စသည့်ဆောင်ရွက်များကိုအကျယ်တဝင့်ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါ ၂၀၂၃-၂၀၂၄ ခုနှစ်ပညာသင်နှစ်အတွက် တွေ့ဆုံဆွေးနွေးပွဲသို့ ကျောက်ဆည်ခရိုင်ပညာရေးမှူးဒေါက်တာ ဥမ္မာကြည်၊ မြစ်သားမြို့နယ်ပညာရေးမှူး ဒေါ်ပြုံးကြည်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်ဟန်နှင့် သက်ဆိုင်ရာတာဝန်ရှိများ၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများ စုစုပေါင်း (၂၀၀) ဦးခန့်တက်ရောက်ခဲ့ပြီး လုပ်ငန်းဆောင်ရွက်ချက်များကို အပြန်အလှန်တွေဆုံဆွေးနွေးခဲ့ ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်ပြုံးကြည်ထံမှ သိရသည်။
ဝင်းမင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment