လယ်ဝေးရဲစခန်းကို ဗုံးနှင့်ပစ်သူ နှစ်ဦး မိပြီ (ပြည်ပြေးဝရမ်းပြေး ဇော်ဝေစိုး တို့ အာသီမယောင်မီမှာပင် အကြမ်းဖက်သမားများ ဖမ်းဆီးရမိပြီ) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လယ်ဝေးရဲစခန်းကို ဗုံးနှင့်ပစ်သူ နှစ်ဦး မိပြီ (ပြည်ပြေးဝရမ်းပြေး ဇော်ဝေစိုး တို့ အာသီမယောင်မီမှာပင် အကြမ်းဖက်သမားများ ဖမ်းဆီးရမိပြီ)



MNP ၊ ဇွန် ၁၃

နေပြည်တော်၊ လယ်ဝေးမြို့၊ မြို့မရဲစခန်းကို ယမန်နေ့ ညနေ ၅ ၁၅ နာရီအချိန်ခန့်က လက်ပစ်ဗုံးဖြင့် ပစ်ပြီး ထွက်ပြေးသွားသည့် အကြမ်းဖက်သမား ၂ဦး ဖမ်းဆီးရမိပြီဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်သမားများမှာ သက်နိုင်၊ ၄၀ နှစ် (ဘ) ဦးစံမောင်၊ အောင်းကြီးကုန်းရွာ၊ လယ်ဝေး(ပစ်ခတ်သူ)၊ ဆိုင်ကယ်နံပတ်ပြား၊ အင်ကျီနက်ပြာရောင်၊ ဖုန်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ရန်နိုင်ထွန်း၊ ၃၃ နှစ် (ဘ) ဦးဉာဏ်စိန်၊ ယာဉ်မောင်း၊ ဇမ္ဗူသီရိ(လိုက်ပို့မည့် အငှားယာဉ်မောင်း) တို့ ၂ ဦးအား ၀၇ ၀၀ ချိန်တွင် ပျဉ်းမနား၊ ကင်ပွန်းတန်းဈေးအနီးတွင်မ ဖမ်းဆီးရမိခဲ့ကြောင်း ကနဦး သိရသည်။

အဆိုပါ အကြမ်းဖက်သမားများ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့ရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)