ကြံခင်းမြို့နယ် (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့နယ် (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်


MNP ၊    ဇွန်   ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊  ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နေ့လည်ပိုင်းက စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့နှင့် Woman Club အဖွဲ့များ ပူးပေါင်းပြီး စာရေးဆရာ ညီညီနိုင် ရေးသားသော ‟အောင်မြင်ရေးသော့ချက်”စာအုပ်ဖြင့်  စာဖတ်ဝိုင်း ပြုလုပ်ကြသည်။


စာဖတ်ဝိုင်းကျင်းပရခြင်းဖြင့် စာဖတ်သည့် အလေ့အကျင့်နှင့် စာပေမှရရှိသော အသိပညာ ဗဟုသုတ တိုးပွားစေရန်၊ ဖတ်၊ မှတ်၊ လေ့လာထားသည်များကို အပြန်အလှန် ပူးပေါင်းညှိနှိုင်း ဆွေးနွေးတတ်စေရန် ရည်ရွယ်ကျင်းပကြောင်း မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က  ရှင်းလင်း ပြောကြားသည်။


ထို့နောက် စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့အတွင်းရေးမှူး ဦးအေးမြင့်အောင် (မိုးမြေသစ္စာ)မှ စာရေးဆရာ ညီညီနိုင်ရေးသားသော "အောင်မြင်ရေးသော့ချက်” စာအုပ်မှ လူတစ်ဦး၏ အောင်မြင်မှုအတွက်   ထားရှိရမည့်စိတ်နေ  စိတ်ထား  ခံယူချက်၊ ဇွဲ၊ လုံ့လ၊ ဝိရိယ၊ ခွန်အားစိုက်ထုတ် ဆောင်ရွက်နိုင်မှုနှင့် အနာဂတ်အတွက် ကောင်းမွန်သော ရည်မှန်းချက်ထားရှိ ဆောင်ရွက်နိုင်ခြင်းများကို  ဦးဆောင်ဆွေးနွေးရာ တက်ရောက်လာကြသော စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့နှင့်  Woman Club အဖွဲ့ဝင်များက  မိမိတို့၏ သဘောထားအမြင်များအား အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 


ကြံခင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်ရှိ (Community Centre) ခန်းမတွင် ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန်ရည်ရွယ်ပြီး  Talk Show အစီအစဉ်များ၊ ဟောပြောပွဲများ၊ စာပေဆွေးနွေးပွဲများ၊ စာအုပ်စာစောင်ပြပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)