သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန( Community Centre) ၌ စုန်ဆန်စီးမျောစာပေတောစာပေစကားဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန( Community Centre) ၌ စုန်ဆန်စီးမျောစာပေတောစာပေစကားဝိုင်းကျင်းပ



MNP ၊    ဇွန်   ၂၂

သံတွဲမြို့နယ် စာပေချစ်မြတ်နိုးသူများအဖွဲ့ Book Club မှ ပြုလုပ်သည့် စုန်ဆန်စီးမျော စာပေတော စာပေစကားဝိုင်းအမှတ်စဉ်(၃၅)ကို ယမန်နေ့ မွန်းလွဲ ၁ နာရီက  သံတွဲခရိုင် လူထုအခြေပြု ဗဟိုဌာန  ( Community Centre) ၌ သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန( Community Centre)အစည်းအဝေး ခန်းမ ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ သံတွဲမြို့နယ် စာပေချစ်မြတ်နိုးသူများအဖွဲ့ Book Club ဥက္ကဌ ဦးစောလှိုင်(ဒွါရာဝတီ မောင်ပု) က စုန်ဆန်စီးမျော စာပေတော စာပေစကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကိုရှင်းလင်းပြောကြားပြီး မျက်လုံးမမြင်သောသူ မီးအိမ်ဆွဲခြင်းခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့သည်။ ဆက်လက်၍ ကဗျာဆရာဆောင်းသစ်(သံတွဲ)က “ကြည်အေး”၏ တစ္ဆေကဗျာ အား ချဉ်းကပ်ခံစားခြင်း၊ မောင်လူအေး(စီးပွါးရေး)က    ရေးသူ၊ ဖတ်သူ တို့၏ခံစားချက်များ ၊        ဖီးနစ်(သံတွဲ)က ဖီးနပ်ငှက်၏အလွမ်းကဗျာ ၊ ခင်မောင်နိုင်(ဝေဒ)က စာဖတ်သူများသို့နှင့် မြန်မာသဒ္ဒါရေးနည်းဆိုင်ရာများ ၊ လေးဝတီထွန်းရွှေက ဥဩငှက်၏ သာယာသောအသံနှင့် ၊ကျီးငှက်တို့၏သဘာဝဆိုင်ရာများ၊စာရေးဆရာလှဝင်းက စာပေလေ့လာ ရေးသားခြင်းဆိုင်ရာများနှင့် Book Clubအဖွဲ့ နာယကများဖြစ်ကြသည့် အောင်(သံတွဲ)က  စာပေနှင့်အနုပညာ၊  မြင့်စိုးကြည်(သံတွဲ)က စာပေရေးသားမှု၊ ဖတ်ရှုလေ့လာခံစားခြင်းဆိုင်ရာများကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။


  ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန ၊သံတွဲခရိုင်ရုံးသည် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ Talk Show များ၊အသိပညာပေး ဟောပြောပွဲများနှင့် ဆွေးနွေးပွဲ ၊ လူငယ်စကားဝိုင်းများနှင့်သင်တန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက် ရှိပါသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)