လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ



MNP ၊    ဇွန်   ၈

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ (Community Centre) ခန်းမ၌ ဇွန် ၈ ရက်နံနက် ၁၀ နာရီက ပြည်ထောင်စုရာထူးဝန်အဖွဲ့မှထုတ်ဝေသည့် နိုင်ငံ့ဝန်ထမ်းဥပဒေစာအုပ်ဖြင့် ဝန်ထမ်းများစုပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။


 အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက် ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က စာဖတ်ရှိန်မြှင့်တင်ရေးနှင့်ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေများကို ပိုမိုသဘောပေါက်နားလည်နိုင်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ စာဖတ်ဝိုင်းသို့တက်ရောက်လာကြသည့် ဝန်ထမ်းများက နိုင်ငံ့ဝန်ထမ်းဥပဒေ စာအုပ်မှ အခန်း( ၁) အမည်နှင့်အဓိပ္ပါယ်ဖော်ပြချက်ကို ရုပ်သံကျွမ်းကျင်-၃ ဒေါ်အိအိသင်းက လည်းကောင်း၊ အခန်း( ၂)ဝန်ထမ်းအဖွဲ့အစည်းများကို အကြီးတန်းစာရေး ဒေါ်သန်းသန်းမြင့်က လည်းကောင်း၊ အခန်း( ၃)ရွေး ချယ်ခန့်ထားခြင်းကို ဒုတိယဦးစီးမှူး ဒေါ်လဲ့လဲ့ဝင်းမောင်က လည်းကောင်း၊ အခန်း( ၄)တာဝန်နှင့်အခွင့်အရေးများ ကို စာကြည့်တိုက်မှူး ဒေါ်သိန်းသိန်းမော်က လည်းကောင်း ဖတ်ကြားဆွေးနွေးကြပြီး လက်ထောက်ညွှန်ကြားရေး မှူးက အကျယ်တဝင့် ပြန်လည်ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။


အောင်ဝင်းငြိမ်း

 https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)