အကြမ်းဖက်သမားများ၏ လုပ်ကြံသတ်ဖြတ်ခြင်းခံရသော တေးသံရှင်လီလီနိုင်ကျော် ဈာပနအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အကြမ်းဖက်သမားများ၏ လုပ်ကြံသတ်ဖြတ်ခြင်းခံရသော တေးသံရှင်လီလီနိုင်ကျော် ဈာပနအခမ်းအနား ကျင်းပ












MNP ၊ ဇွန် ၈

NUG(NLD) အစွန်းရောက် အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ အကြမ်းဖက်သမားများ၏ လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသည့် တေးသံရှင် လီလီနိုင်ကျော် ဈာပနအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ စစ်သင်္ဂြိုင်းမှာ ကျင်းပဆောင်ရွက်ခဲ့ကြပါတယ်။

အမျိုးသားရေးလှုပ်ရှားမှုများမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ တေးသံရှင်လီလီနိုင်ကျော်ရဲ့ ဈာပနအခမ်းအနားကို မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)၊ ဗုဒ္ဓကလျာဏယုဝအသင်းကြီး(YMBA) နှင့် အမျိုးသားရေးအသင်းအဖွဲ့များမှ ညီညီညွတ်ညွတ်နဲ့ ဝိုင်းဝန်းဆောင်ရွက်ပေးခဲ့ကြပါတယ်။

တေးသံရှင် လီလီနိုင်ကျော် ကို ၃၀-၅-၂၀၂၃ ရက်နေ့ ညက သူမ နေထိုင်ရာ ရန်ကင်းမြို့နယ် နေအိမ်အနီးမှာ ပြည်ပြေး ဝရမ်းပြေး NUG(NLD)အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေအကြမ်းဖက်သမားများက လာရောက်လုပ်ကြံပစ်ခတ်ခဲ့ကြတာ ဖြစ်ပါတယ်။ အကြမ်းဖက်သမားများကို ဖမ်းဆီးရမိခဲ့ပြီး တေးသံရှင်လီလီနိုင်ကျော်ကို လုပ်ကြံသတ်ဖြတ်ရန် ခိုင်းစေသည့် အကြမ်းဖက်ခေါင်းဆောင်မှာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ဒီငြိမ်းလင်း ဖြစ်ကြောင်း ဖော်ထုတ်သိရှိခဲ့ရပါတယ်။

ပြည်ပြေး ဝရမ်းပြေး NUG(NLD)အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေအကြမ်းဖက်သမားများ ၏ လုပ်ကြံပစ်ခတ်ခြင်း ခံရပြီး တပ်မတော်ဆေးရုံမှာ ဆရာဝန်ကြီးများက အစွမ်းကုန်ကြိုးစားပြီး ကုသပေးခဲ့ကြသော်လည်း ၆-၆-၂၀၂၃ ရက်နေ့မှာ တေးသံရှင် လီလီနိုင်ကျော် ကွယ်လွန်သွားခဲ့ရပါတယ်။

ပြည်ပြေး ဝရမ်းပြေး NUG(NLD)အကြမ်းဖက်အဖွဲ့နဲ့ ပြည်ပသြဇာခံ ပြည်ဖျက်မီဒီယာတွေဖြစ်တဲ့ Khit Thit Media မှ သာလွန်ဇောင်းထက်၊ Myanmar Now မှ ဆွေဝင်း တို့ဟာ အမျိုးသားရေးလှုပ်ရှားသူများကို အဓိကပစ်မှတ်ထားပြီး လုပ်ကြံသတ်ဖြတ်မှုတွေ လုပ်ဆောင်နေကြတာဖြစ်ပါတယ်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)