ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများ ကျောက်ဖြူမြို့၌ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးမှုများရှိသည့် ဘုန်းတော်ကြီးကျောင်းများ ပြန်လည်ပြုပြင်ပြီးစီးမှုအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး စားရေရိက္ခာများ လှူဒါန်း၊ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆိုင်ကလုန်းရှယ်တာ(Cyclone Shelter)များအား သွားရောက်စစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများ ကျောက်ဖြူမြို့၌ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးမှုများရှိသည့် ဘုန်းတော်ကြီးကျောင်းများ ပြန်လည်ပြုပြင်ပြီးစီးမှုအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး စားရေရိက္ခာများ လှူဒါန်း၊ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆိုင်ကလုန်းရှယ်တာ(Cyclone Shelter)များအား သွားရောက်စစ်ဆေး






MNP ၊    ဇွန်   ၅

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့်တာဝန်ရှိသူများသည် ခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့်အတူ ယနေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့၌ ဆိုင်ကလုန်းမုန်တိုင်းမိုခါ တိုက်ခတ်ခဲ့ မှုကြောင့် ထိခိုက်ပျက်စီးမှုများရှိသည့် ဘုန်းတော်ကြီးကျောင်းများ ပြန်လည်ပြုပြင်ပြီးစီးမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး စားရေရိက္ခာများလှူဒါန်းကာ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆိုင်ကလုန်းရှယ်တာ(Cyclone Shelter)များအား ကြည့်ရှုစစ်ဆေးခဲ့သည်။


ရှေးဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် စေတီယျရပ်ကွက်ရှိ ကုမ္ပဏီဈေးကျောင်း ပရိယတ္တိစာသင်တိုက်သို့ သွားရောက်ပြီး ၎င်းကျောင်းတိုက်ဆရာတော် ဦးသုခဝံသ အား ဖူးမြော်ကြည်ညိုကာ နဝကမ္မအလှူငွေများနှင့် စားရေရိက္ခာများထောက်ပံ့လှူဒါန်း၍ ဘုန်းတော်ကြီးကျောင်းအဆောက်အဦ ပျက်စီးမှုအခြေအနေများအား မေးမြန်းလျောက်ထားပြီး ပြန်လည်ပြုပြင်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုကာ ကျောင်းဒကာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ကို လိုအပ်သည်များ မှာကြားသည်။ ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် တည်ဆောက်ထားသည့် စေတီယျရပ်ကွက်ရှိ ဆိုင်ကလုန်း ရှယ်တာ (Cyclone Shelter)အား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ ဆောင်ရွက်ထားရှိမှု အခြေအနေများအား တင်ပြခဲ့ကြပြီး ဒုတိယဗိုလ်ချုပ်ကြီး လူအေးမှ လိုအပ်သည်များကို လမ်းညွှန်မှာ ကြားခဲ့သည်။ 


ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ကျောက်ဖြူမြို့၊ အေးမြသာယာကျေးရွာ၌  မိုခါမုန်တိုင်းဘေးဒဏ်ခံရသူများကို သဘာဝဘေးအန္တရာယ်ကူညီ ကယ်ဆယ်ရေးအဖွဲ့အမှတ်(၆)၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ အား လှည့်လည့်ကြည့်ရှု၍ ဆေးကုသမှုလာရောက်ခံယူနေသူများကို အားပေးစကားများ ပြောကြား ခဲ့ကြောင်း သိရှိရသည်။ 


တင်ထွန်းဦး

 https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)