ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ထောက်ပံ့ရေးနှင့် ကူညီကယ်ဆယ်ရေး ပစ္စည်းများအား တပ်မတော်(ရေ)မှ စစ်ရေယာဉ်များဖြင့် ပို့ဆောင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ထောက်ပံ့ရေးနှင့် ကူညီကယ်ဆယ်ရေး ပစ္စည်းများအား တပ်မတော်(ရေ)မှ စစ်ရေယာဉ်များဖြင့် ပို့ဆောင်



MNP ၊ ဇွန် ၁၉

ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများအား လိုအပ်သောပစ္စည်းများ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်ရန် တပ်မတော်(ရေ)မှ ထောက်ပံ့ရေးရေယာဉ် (ပြည်တော်အေး-၂)သည် စိုက်ပျိုးရေး ၊မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ၄၀ ကီလိုပါ ဆန်အိတ် ၁၃၈၅၀ အိတ်၊ ၆ ပြည်ပါ ဆန် အိတ် ၅၆၈ အိတ် ၊  အသင့်စားဆန် ၄၀၀ ဖာ ၊  Minitractor ၁၀ စီး ၊ လက်တွန်း ထွန်စက် ၁၄ စီး ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ  စောင်၊ ခြင်ထောင် ၆၅၀ ဖာ ၊ ကျောင်းဝတ်စုံ ၁၈၉၃၀ ထည်နှင့်  မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းမှ အိမ်ရိုက်သံ ၂၃၃၃ ဖာ စုစုပေါင်း ကုန်တန်ချိန် ၆၆၅ တန်အား တင်ဆောင်၍ ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော်ဆိပ်ကမ်းမှ စစ်တွေမြို့သို့ ယနေ့နေ့လယ်ပိုင်းတွင် ထွက်ခွာ ခဲ့သည်။


အလားတူ ၂၉ မီတာကမ်းထိုးရေယာဉ် ၁ စီးသည် ရခိုင်ပြည်နယ် အစိုးရမှ သွပ် ၄၀၀၀ ချပ် ၊ သစ် ၄၀၃ ချောင်း၊  ရေသန့် ၁၆၉ ကတ် ၊ စားသုံးဆီ ၁၀၀ ဗူး ၊ ဟင်းသီးဟင်းရွက်ဆီ ၁၂၀ ဗူး၊ မြေပဲဆီ  ၁၀ ဗူး၊  မုန့်တီခြောက်ထုပ်များ ပါဝင်သည့် ဆာလာအိတ် ၆ အိတ်၊ ၊ ငံပြာရည်ပုလင်းများပါဝင်သည့် ဆာလာအိတ် ၁ အိတ်၊ ငါးပိကြော် ၁၀၀ ထုပ်၊ ခေါက်ဆွဲခြောက် ၉၀ ဖာ ၊ မုန့်မျိုးစုံ ၂ ဖာ၊ ဘီစကစ် ၃၂ ဖာ နှင့် ဆေးပစ္စည်း ၃၈ ဖာ စုစုပေါင်း ၂၈ တန်အား စစ်တွေမြို့၌ တင်ဆောင်၍ မင်းပြားမြို့ ဆိပ်ခံတံတားသို့ ယနေ့နေလယ်ပိုင်းတွင်  ပို့ဆောင်ပေးခဲ့သည်။


အဆိုပါ စစ်ရေယာဉ်များမှ သယ်ဆောင်လာသည့် ထောက်ပံ့ရေးနှင့် ကယ်ဆယ်ရေး ပစ္စည်းများအား တာဝန် ရှိသူများထံသို့ စနစ်တကျ လွှဲပြောင်းပေးအပ်၍ မုန်တိုင်းဒဏ်သင့်ပြည်သူများထံသို့ အမြန်ဆုံး ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)