လယ်ဝေးမြို့မရဲစခန်း အား NLD အစွန်းရောက်များက လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လယ်ဝေးမြို့မရဲစခန်း အား NLD အစွန်းရောက်များက လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံး



MNP ၊ ဇွန် ၁၃

လယ်ဝေးမြို့၊ မြို့မရဲစခန်းအား ယမန်နေ့ ညနေ ၅နာရီကျော်အချိန်ခန့်တွင် PDF အကြမ်းဖက်သမား ၂ဦးက ဆိုင်ကယ်ဖြင့် လာရောက်ပြီး လက်ပစ်ဗုံးဖြင့် ပစ်ပေါက်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၃ဦး နှင့် အရပ်သားပြည်သူ ၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၁ဦးမှာ ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။


NLD အစွန်းရောက် PDF အကြမ်းဖက်သမားများသည် လမ်းပေါ်တွင် ရပ်ထားသည့် မော်တော်ယာဉ်ကို အကာအကွယ်ယူ၍ လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ပြီး ဖောင်တော်ချက်မလမ်းအတိုင်း မောင်းနှင်ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း၊ ပစ်ပေါက်တိုက်ခိုက်မှုအတွင်း ရဲအုပ် ပြုံးချိုတွင် ဦးခေါင်းနောက်စေ့ဒဏ်ရာ(၁)(မစိုးရိမ်ရ)၊ ရဲတပ်ကြပ် ကျော်သူတွင် ဝဲခြေသလုံးလက်မဝက်ခန့် ပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)၊ ရဲတပ်သား ဒီသုခတွင် ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာ၊ ယာဘက် ဂျိုစောင်း(နားထင်)ဒဏ်ရာ၊ ယာခြေသလုံး လက်မ ဝက်ခန့်ပေါက်ပြဲဒဏ်ရာ(၂)ချက်၊ အရပ်သား ကိုကျော်ရဲ တွင် ဦးခေါင်းဝဲဘက်(၁)လက်မခန့် ပေါက်ပြဲဒဏ်ရာ၊ ဝဲခြေသလုံးလက်မဝက်ခန့် ပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ၁၇၂၅ အချိန် လယ်ဝေးမြို့၊ ခုတင် (၁၀၀)ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသခဲ့ရာ ၁၇၅၀ အချိန် လယ်ဝေးမြို့၊ ခုတင်(၁၀၀) ပြည်သူ့ဆေးရုံတွင် ရဲတပ်သား ဒီသုခမှာ ဆေးကုသနေစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။


NLD အစွန်းရောက် အကြမ်းဖက်သမားများ လွတ်မြောက်နေဆဲဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)