MNP ၊ ဇွန် ၁၃
ရေတာရှည်မြို့နယ်၊ ဆွာမြို့၊ ဆွာမြောက်ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းတင် (စစ်မူထမ်းဟောင်း) အား ယမန်နေ့ ညနေ ၃နာရီဝန်းကျင်းက NLD အစွန်းရောက် အကြမ်းဖက်သမား ၂ဦးက သေနတ်ဖြင့် လာရောက်ပစ်ခတ် သတ်ဖြတ်သွားကြောင်း သိရသည်။
ဦးဝင်းတင်သည် ၎င်းနေထိုင်ရာ ဆွာမြောက်ပိုင်းရပ်ကွက်နေ အိမ်ဝန်းတံခါးမကြီးရှေ့တွင် ထိုင်နေစဉ် NLD အစွန်းရောက် အကြမ်းဖက်သမား ၂ဦး ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး သေနတ်ဖြင်ပစ်ခတ်သဖြင့် အခင်းဖြစ်နေရာတွင်သေနန်မှန်ဒဏ်ရာ ၆ချက်ဖြင့်သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
NLD အစွန်းရောက် အကြမ်းဖက်သမားများသည် ဆွာမင်းလမ်းဘက်သို့ မောင်းနှင်ထွက်ပြေးသွားကြောင်း သတင်းရရှိသည်။ NLD အစွန်းရောက် အကြမ်းဖက်သမားများ၏ လက်ချက်ဖြင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း ခြောက်ထောင်ကျော်အထိ သေဆုံးခဲ့ရပြီး ဖြစ်သည်။
#MyanmarNationalPost


No comments:
Post a Comment