ပြည်ဖျက်မိစ္ဆာ NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများက အပြစ်မဲ့ ပြည်သူ ၅ဦးကို ပစ်ခတ် သတ်ဖြတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ဖျက်မိစ္ဆာ NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများက အပြစ်မဲ့ ပြည်သူ ၅ဦးကို ပစ်ခတ် သတ်ဖြတ်


MNP ၊ ဇွန် ၂၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ပေါက်တောကျေးရွာမှ ဦးဇော်ထက်၏ နေအိမ်သို့ ယနေ့ နံနက် ၁နာရီ ဝန်းကျင်ခန့်က ပြည်ဖျက်မိစ္ဆာ NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမား ၆ ဦးခန့် ရောက်ရှိလာပြီး နေအိမ်ရှိ အမျိုးသမီး ၅ဦးကို ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။

ဦးဇော်ထက် မိသားစုကို ပြည်ဖျက်မိစ္ဆာ NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများက ဒလန်/သတင်းပေး ဟု စွပ်စွဲကာ ရောက်ရှိလာကြချိန်တွင် ဦးဇော်ထက်မှာ နေအိမ်နောက်မှ ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း နေအိမ်တွင် ကျန်ခဲ့သည့် မိသားစုဝင် အမျိုးသမီး ၅ဦးကို ပြည်ဖျက်မိစ္ဆာ NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများက က ရက်စက်စွာ သတ်ဖြတ်သွားခဲ့ကြခြင်း ဖြစ်သည်။

အေးချမ်းစွာ တောင်သူအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသူများကို ပြည်ဖျက်မိစ္ဆာ NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများက ခေါင်းစဉ်အမျိုးမျိုးတပ်၍ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ဖြေကြားထားသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)