ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ် Well Site အတွင်း ရေနံအစမ်းတွင်း စတင်လည်ပတ်နေပြီဖြစ်ကြောင်း သိရ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ် Well Site အတွင်း ရေနံအစမ်းတွင်း စတင်လည်ပတ်နေပြီဖြစ်ကြောင်း သိရ



MNP ၊ ဇွန် ၂၁

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် Well Site အတွင်း ရေနံအစမ်းတွင်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပန်းတောင်းမြို့နယ်စွယ်တော်ကျေးရွာအုပ်စုအတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် Well Site အတွင်းရေနံတွင်းတူးစက်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ အဆိုပါ Well Site အတွင်းလက်ရှိအချိန်၌ တရုတ်နိုင်ငံသား(၂၃)ဦး၊ MOGE ကိုယ်စားလှယ် (၃)ဦး၊ မြန်မာနိုင်ငံသားဝန်ထမ်း(၂၆)ဦးတို့ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိပြီး က.ပ.စ(၆)မှ ဗိုလ်ကြီးကျော်ဇင်သန့်နှင့်အဖွဲ့ဝင်(၁၀)ဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်ကိုကိုဇော်နှင့်အဖွဲ့ဝင်(၅)ဦးတို့ဖြင့် ကုမ္ပဏီ၏ဒေသခံလုံခြုံရေးဝန်ထမ်းများနှင့်ပူးပေါင်းကာ စခန်းချနေထိုင်၍ လုံခြုံရေးတာဝန်များဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့နောက် Well Site အတွင်း လုပ်ငန်းဆောင်ရွက်ထားရှိမှုမှာ ဇွန်(၂၀)ရက်နေ့တွင် ရေနံတွင်းတူးစက်စတင်လည်ပတ်နေပြီဖြစ်ရာ (၁၀)မီတာတူးဖော်ပြီးစီးခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)