ပြည်ဖျက်မိစ္ဆာ NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ CDF အကြမ်းဖက်သမားများက တွန်းဇံ အထကကျောင်းကို လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ဖျက်မိစ္ဆာ NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ CDF အကြမ်းဖက်သမားများက တွန်းဇံ အထကကျောင်းကို လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်


MNP ၊ ဇွန် ၂၁

ပြည်ဖျက်မိစ္ဆာ NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ CDF အကြမ်းဖက်သမားများက တွန်းဇံ အထကကျောင်းကို ယနေ့ နံနက် ၁နာရီခွဲခန့်က လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပြည်ဖျက်မိစ္ဆာ NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ CDF အကြမ်းဖက်များက လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်နေခြင်းကြောင့် လုံခြုံရေးအဖွဲများက လိုက်လံရှင်းလင်းခဲ့ရာ ခွေးပြေး ဝက်ပြေး ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။ 

ပြည်ဖျက်မိစ္ဆာ NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ CDF အကြမ်းဖက်သမားများသည် ဒေသခံပြည်သူများအား အကြောက်တရားနှင့် ချုပ်ကိုင်ရန်နှင့်  ကျောင်းသား/သူများ အေးချမ်းစွာစာသင်ကြားနေမှုကို မနာလို မရှုစိမ့်ဖြစ်ပြီး ဆင်ခြင်တုံတရားမဲ့စွာ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို၏ ပစ်ခတ်မှုကြောင့် ကျောင်းဝန်းအတွင်း စာသင်ဆောင်၊ တန်းစီကွင်းနှင့် အလံတိုင်အုတ်ခုံများအနီး ကျရောက်ပေါက်ကွဲခဲ့ကာ စာသင်ဆောင် ၃ ခုမှ ပြူတင်း ပေါက်မှန် ၁၇ ချပ်၊ မျက်နှာကျက်  ၂၀ ချပ်၊ ကျောင်းအလံတိုင်နှင့် အုတ်ခုံများ ပျက်စီးခဲ့ကြောင်းနှင့် ဒေသခံပြည်သူများက ၎င်းတို့၏ လုပ်ရပ်များအား ရွံရှာစက်ဆုပ်လျက်ရှိကြောင်း သိရသည်။


#MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)