ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့၏ လမ်းညွှန်ချက်အရ PDF အကြမ်းဖက်သမားများက ၎င်းတို့၏ တော်လှန်ရေးကို အားပေးထောက်ခံခြင်းမရှိသော လမ်းတံတားများကို တော်လှန်တိုက်ခိုက်လျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့၏ လမ်းညွှန်ချက်အရ PDF အကြမ်းဖက်သမားများက ၎င်းတို့၏ တော်လှန်ရေးကို အားပေးထောက်ခံခြင်းမရှိသော လမ်းတံတားများကို တော်လှန်တိုက်ခိုက်လျက်ရှိ




MNP ၊ ဇွန် ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြိုအနီးရှိ ဝက်လက်-ရွာသာကြီး ကျေးရွာသွားကားလမ်းပေါ်ရှိ ကွန်ကရစ်တံတား အား  မနေ့က နံနက် ၁၀ နာရီခန့်တွင် ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများ၏ ကောက်ကျစ်ယုတ်မာစွာ မိုင်းထောင်ဖောက်ခွဲမှုကြောင့် တံတားအလယ် ကွဲအက်၊ တံတားထိပ်နှစ်ဖက် ကွဲအက်၊ တံတားထိပ်ဖူး ၅ ခု ကျိုးပဲ့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်စခန်းများအား ဖယ်ရှားလင်းမှုများ အရှိန်အဟုန်မြှင့် လုပ်ဆောင်လာခြင်း၊ PDF အဖွဲ့ဝင်တချို့ လက်နက်အပ်နှံ၍ ဥပဒေဘောင်အတွင်း ဝင်ရောက်မှုများပြားလာသည့် ကာလတွင် ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့ က အများပြည်သူ အထိတ်တလန့်ဖြစ်အောင် ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုများ လုပ်ဆောင်ရန် ခိုင်းစေနေကြောင်း၊ ၎င်းတို့လက်ပါးစေ PDF အကြမ်းဖက်သမားများမှာမူ လမ်းတံတားများကိုလည်း တော်လှန်တိုက်ခိုက်လျက်ရှိသည်။


#MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)