ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NUG(NLD)အကြမ်းဖက်အဖွဲ့နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၏ လုပ်ကြံဖန်တီးလှုံ့ဆော်မှုများကို Facebook နှင့် Telegram တို့တွင် လိုက်ပါဖြန့်ဝေသူ ၉ ဦးထက်မနည်း ဖမ်းဆီးထိန်းသိမ်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NUG(NLD)အကြမ်းဖက်အဖွဲ့နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၏ လုပ်ကြံဖန်တီးလှုံ့ဆော်မှုများကို Facebook နှင့် Telegram တို့တွင် လိုက်ပါဖြန့်ဝေသူ ၉ ဦးထက်မနည်း ဖမ်းဆီးထိန်းသိမ်း



MNP ၊ ဇွန် ၂၀

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NUG(NLD)အကြမ်းဖက်အဖွဲ့နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။


ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့် ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှု များကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။


ထိုကဲ့သို့ အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်၊ အမှတ်(၄)ရပ်ကွက်နေ လှတင်သည် ၎င်းအသုံးပြုသည့် “Hlatin” Facebook အကောင့်၊ ပဲခူးတိုင်းဒေသကြီး၊ မြို့လှမြို့၊ အမှတ်(၁)ရပ်ကွက်နေ သန်းလွင်ဦးသည် ၎င်းအသုံးပြုသည့် “Moe Set Nway” Facebook အကောင့်၊ ဒိုက်ဦးမြို့နယ်၊ မင်းတဲရပ်ကွက်နေ ဇူလိုင်မိုး(ခ)ဂျူးဂျူးသည် ၎င်းအသုံးပြုသည့် “ဂျူးဂျူး” Facebook အကောင့်၊ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ သဇင်ရပ်ကွက်နေ မေဇင်ဦး(ခ)ပူတူးတူးသည် ၎င်းအသုံးပြုသည့် “Shyk Shyk” Facebook အကောင့်၊ “more thar” Telegram အကောင့်၊ ရမည်းသင်းမြို့နယ်၊ ဝါးတိုးအနောက်ရပ်ကွက်နေ သူရမောင်မောင် (ခ)ဇိုးဇိုးသည် ၎င်းအသုံးပြုသည့် “Thura Mg Mg” Facebook အကောင့်၊ ပျဉ်းမနားမြို့နယ်၊ အုတ်ကျင်းရပ်ကွက်နေ စန္ဒာမြင့်(ခ)မိငယ်သည် ၎င်းအသုံးပြုသည့် “Ku Kuu Kuu” Facebook အကောင့်၊ ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၊ အမှတ်(၉)ရပ်ကွက်နေ စုမြတ်သည် ၎င်းအသုံးပြုသည့် “Su Myat” Facebook အကောင့်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ နောက်ရပ်ကြီး ရပ်ကွက်နေ စိုးမြင့်ဦး(ခ)ဖဖူးဆားသည် ၎င်းအသုံးပြုသည့် “Soe Myint Oo” Facebook အကောင့် တို့ဖြင့် အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက NLD ဦးဆောင်သူများ၊ ၎င်းတို့၏ အပေါင်းအပါ နိုင်ငံရေးလုပ်စားသူများဖွဲ့စည်းထားသည့် CRPH, NUG အဖွဲ့များကို အကြမ်းဖက်အဖွဲ့များအဖြစ် ကြေညာထားပြီး တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် နည်းမျိုးစုံဖြင့် လုပ်ဆောင်နေခြင်းအပေါ် လိုက်ပါလုပ်ဆောင်သူများအား ဖမ်းဆီးထိန်းသိမ်းမှုများ စဉ်ဆက်မပြတ် ပြုလုပ်နေရခြင်းဖြစ်သည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)