MNP- ဇြန္ ၂၀
ရီးရဲလ်မက်ဒရစ်အသင်းဟာ အသင်းက ထွက်ခွာသွားတဲ့ တိုက်စစ်မှူးကြီး ကာရင်း ဘန်ဇီးမားနေရာအတွက် အက်စ်ပန်ညိုအသင်းရဲ့ ဟိုဆေးလူကို တစ်ရာသီအငှားဖြင့် ခေါ်ယူခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
အဆိုပါ အသက် ၃၃နှစ်အရွယ် စပိန်သားအတွက် ရီးရဲလ်မက်ဒရစ်အသင်းနှင့် အက်စ်ပန်ညိုအသင်းတို့ သဘောတူညီမှုမှာ ယူရို ၁.၅သန်းဖြင့် အပြီးသတ်ဝယ်ယူခွင့် ပါဝင်ပြီး မက်ဒရစ်တို့ကတော့ အသက်သွင်းသွားမှာ မဟုတ်ပေ။
ရီးရဲလ်မက်ဒရစ်အသင်းဟာ အက်စ်ပန်ညိုအသင်းကို အငှားကြေး ယူရို ၅သိန်းခန့် ပေးချေခဲ့ရပြီး ဟိုဆေးလူဟာ မက်ဒရစ်အသင်းမှာ လစာလျော့ယူရမည်ဖြစ်သည်။
souce - Fabrizio Romano
မြန်မာနေရှင်နယ်ပို့စ်


No comments:
Post a Comment