ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေ က ဟန်တလုံး မာန်တလုံး ပြောလိုက်မှဖြင့် တော်လှန်ရေး ဆိုတာကို ပါးစပ်ဖျားက မချဘူး။ နေ့စဉ်နေ့တိုင်း တော်လှန်မလား၊ ကျွန်မလှန်ရမလား ပလူပျံအောင် လှန်နေကြတာပါပဲ။ ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားက နောက်နွားတသိုက် ဖြောင့်ဖြောင့်လိုက်၏ ဆိုတဲ့ မြန်မာစကားပုံရှိတယ်မဟုတ်လား။
အခု က ရှေ့ဆောင်နွာလားကြီးတွေ ဖြစ်တဲ့ NLD ဦးဆောင်သူတွေနဲ့ အပေါင်းအပါ နိုင်ငံရေးလုပ်စားသူများ က တော်လှန်ရေးလို့ အော်ပြီး လွတ်မြောက်နယ်မြေကို အရောက်ပြေးကြတာဆိုတော့ သူတို့ရဲ့ နောက်က လိုက်တဲ့ လက်ပါးစေ အကြမ်းဖက်သမားလေးတွေကလည်း တော်လှန်ရေးလို့ အကြောင်းပြ ခိုး၊ ဆိုး၊ လု၊ နှိုက်၊ ဓားပြတိုက် ရလာရင် KTV ၊ တည်းခိုခန်း ၊ ဟိုတယ် သွားပြီး ပျော်ပါးလိုက်ကြ။ သာယာပါပေ့ တော်လှန်ရေးပေါ့ဗျာ။
မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ဈေးရှေ့ က စိန်ရွှေရတနာဆိုင် ကို ဝင်ပြီး သေနတ်ပြခြိမ်းခြောက်ကာ စိန်တွေ၊ ရွှေတွေ အိတ်ထဲ ကြုံးထည့်သွားတဲ့ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NUG(NLD) အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ PDF အကြမ်းဖက်သမား က ဓားပြတိုက်ပြီးတာနဲ့ ဗဟန်းမြို့နယ်ထဲက ဟိုတယ်မှာ စော်ပါခေါ်သွားပြီး သွားနှပ်နေတာ။
ပထမဆုံး ဖမ်းမိတာ အဲဒီ PDF အကြမ်းဖက်သမားပဲ။ ဒီကောင်က ပါးနပ်တဲ့ သဘောတော့ ရှိတယ်။ တချို့ PDF တွေ ဖမ်းမိပြီး စစ်မေးတဲ့အခါ ဆေးကြောင်နေတာ၊ ရူးသလိုလို ကြောင်သလိုလို လုပ်နေတာနဲ့ မလွယ်ဘူး။ အခု ဖမ်းမိတဲ့ PDF ကတော့ သူ့စော်လေးကို နှိပ်စက်မှာ စိုးရိမ်ဟန်တူပါရဲ့။
ဓားပြတိုက်မှုမှာ ပူးပေါင်းပါဝင်သူအားလုံး၊ လက်နက်ခဲယမ်းအားလုံး ဖော်ထုတ်ပေးတယ်။ တော်ပါပေတယ် PDF ရယ်။ မင်းတို့လက်ထဲမှာ ဒီလို လက်နက်ခဲယမ်းတွေ ရှိနေခြင်းဟာ အပြစ်မဲ့ ပြည်သူတွေအတွက် အန္တရာယ်များတယ်။ အခုလို တာဝန်သိစိတ်နဲ့ ဖော်ထုတ်လိုက်တော့ အပြစ်မဲ့ ပြည်သူတွေအတွက် အန္တရာယ်ကင်းသွားတာပေါ့။
ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NUG(NLD) အကြမ်းဖက်အဖွဲ့အတွက်တော့ များစွာ နစ်နာတာပေါ့ကွာ။ သူတို့ရဲ့ အထူးအကြံပေး ရှောင်တာနာရဲ့ တိုင်းဖျက်ပြည်ဖျက် အကြံပြုချက်တွေကို လိုက်ပါဖော်ဆောင်နေပါတယ်ဆိုမှ လက်ပါးစေ PDF အကြမ်းဖက်သမားလေးတွေက ဓားပြတိုက်ပြီး ၅နာရီမှ မကြာဘူး။ အဖမ်းခံလိုက်ရတယ်။
မင်းတို့ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေ လူလည်ကျတာကို PDF တွေကလည်း သိတယ်။ မင်းတို့တောင် ရသမျှ အလှူငွေ ကိုယ်ကျိုးအတွက် ဘုန်းသေးတာကွာ။ သူတို့လည်း သက်စွန့်စံဖျား ဓားပြတိုက်ပြီး ရလာတဲ့ အခါ စော်နဲ့ ဘာနဲ့ သာယာချင်တာပေါ့။ စိတ်မကောင်းပါဘူး NUG ရယ်။
မင်းတို့ရဲ့ တိုင်းဖျက် ပြည်ဖျက်စီမံကိန်းကြီးက အော့နှလုံးနာစရာ ကောင်းသလို သောက်ရှက်ကင်းမဲ့လွန်းရာ ကျပါတယ်။ ရှက်ကျောပြတ်နေတဲ့ ပြည်ဖျက်မိစ္ဆာတွေ ရှက်တတ်ပါစေလေ။
နောင်တော်လေး (ဘိုကလေး)
#MyanmarNationalPost

No comments:
Post a Comment