ဘုတလင်မြို့ပေါ်ရှိ စာသင်ကျောင်းအား ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများက လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘုတလင်မြို့ပေါ်ရှိ စာသင်ကျောင်းအား ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများက လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်



MNP ၊ ဇွန် ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတင်လင်မြို့၊ ခုံမင်းကြီးရပ်ကွက်ရှိ အလက(ခွဲ) စာသင်ကျောင်းအား ယမန်နေ့ နံနက်ပိုင်းက ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများက အဝေးမှ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများ၏ ကောက်ကျစ်ယုတ်မာစွာ ရမ်းသန်း ပစ်ခတ်မှုကြောင့် ခုံမင်ကြီးရပ်ကွက်ရှိ လယ်ကွင်းပြင်နှင့် ဘုတလင်- ကနီ သွားကားလမ်းပေါ်သို့ ကျရောက်ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ပြီး လူနှင့် အဆောက်အဦ ထိခိုက်မှုမရှိကြောင်း သိရသည်။


(ပြည်ဖျက်မီဒီယာများဖြစ်ကြသည့် BBC, VOA, RFA, DVB, Mizzima, The Irrawaddy, Khit Thit, Myanmar Now ကဲ့သို့သော သတင်းဌာနများတွင် ထိုကဲ့သို့သော PDF အကြမ်းဖက်သမားများ၏ ရက်စက်ယုတ်မာ အောက်တန်းကျသော ပစ်ခတ်တိုက်ခိုက်မှုများကို တော်လှန်ရေးအသွင် ပုံဖော်၍ ရေးသားဖြန့်ဝေမှုများ ပြုလုပ်လျက်ရှိသည်။)

#MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)