စာသင်ကျောင်း ကို PDF အကြမ်းဖက်စခန်းအဖြစ် စခန်းချနေထိုင်သည့် NLD အစွန်းရောက် PDF အကြမ်းဖက်သမားတွေကို မုံရွာမှာတော့ ရှင်းနေပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စာသင်ကျောင်း ကို PDF အကြမ်းဖက်စခန်းအဖြစ် စခန်းချနေထိုင်သည့် NLD အစွန်းရောက် PDF အကြမ်းဖက်သမားတွေကို မုံရွာမှာတော့ ရှင်းနေပြီ




MNP ၊ ဇွန် ၇

မုံရွာမြို့နယ်၊ ရေကန်စုရွာစာသင်ကျောင်းအား PDF အကြမ်းဖက်သမားက စခန်းချနေထိုင်လျက်ရှိကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ဖယ်ရှားရာ PDF အကြမ်းဖက်သမားများက စတင်ပစ်ခတ်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်နှိမ်နင်းခဲ့ရပြီး စာသင်းကျောင်းအတွင်း စခန်းချနေထိုင်သည့် အကြမ်းဖက်သမား ကျား(၃)ဦး၊ မ(၂)ဦးတို့ကို အသေဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

သတင်းအရ မုံရွာမြို့နယ် ရေကန်စုကျေးရွာအတွင်းသို့ လုံခြုံရေးအဖွဲဝင်များက ယနေ့နံနက်ပိုင်းတွင် အသေးစိတ် ဝင်ရောက်ရှင်းလင်းခဲ့ရာ ကျေးရွာရှိ စာသင်ကျောင်းအတွင်း၌ အခြေပြုနေသော PDFအကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမား ကျား(၃)ဦး၊ မ(၂)ဦး၊ လက်လုပ်စိန်ပြောင်း ၁ လက်၊ လက်လုပ်သေနတ် ၈ လက်၊ လက်လုပ်ကျည်အိမ် ၅ ခု၊ လက်လုပ်စိန်ပြောင်း ဗုံးသီး ၄ လုံး၊ လက်လုပ်လက်ပစ်ဗုံး ၁ လုံး၊ လက်လုပ်မိုင်း ၅ လုံး၊ အမ် -14 နင်းမိုင်း ၃ လုံး၊ ရီမု ၃ ခု၊ လက်လုပ် ၄၀ မမ ဗုံးသီး ၈ လုံး၊ အေကေ -၄၇ ကျည် ၄၃ တောင့်၊ ၁၂ ဗိုကျည် ၂၄ တောင့်၊ အင်ဗာတာ ၁ လုံး၊ ၁၂ဗိုဘတ္တရီ ၁ လုံး၊ ဆိုင်ကယ် ၈ စီး၊ ဘတ်တံဆိပ်ပါပြောက်ကျားယူနီဖောင်း ၁၀ စုံ၊ - NLD အလံ ၃ ထည်တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 မုံရွာမြိုနယ်အတွင်းရှိ ကျေးရွာများအတွင်းသို့ PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် ဒေသခံများအသွင် စိမ့်ဝင်၍ ခိုအောင်းနေထိုင်လျက်ရှိကြောင်းနှင့် ဒေသခံပြည်သူများအား အနိုင်ကျင့်နှိပ်စက်ခြင်း၊ အဓမ္မဆက်ကြေးကောက်ခံ ခြင်း၊ ခြိမ်းခြောက်အကြပ်ကိုင်ခြင်းနှင့် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို ထောက်ခံအားပေးမှုမရှိသည့် ဒေသခံများအား ဖမ်းဆီးသတ်ဖြတ်လျက်ရှိသည့် အပြင် ဒေသခံ ကလေးငယ်များ၏ အနာဂတ်ပညာရေးကိုပါ ထိခိုက်နစ်နာအောင် လုပ်ဆောင်နေသည့်အပေါ် ဒေသခံပြည်သူများအနေဖြင့်လည်း PDF အကြမ်းဖက်သမားများ၏ လုပ်ရပ်အပေါ် လိုလားမှုမရှိဘဲ ရွံမုန်းလာကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)