MNP ၊ ဇွန် ၇
တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်နေကြသည့် ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့၏ သြဇာခံ အကြမ်းဖက်သမားများ နှင့် အကြမ်းဖက်လှုံ့ဆော်သူတချို့ကို ၆-၆-၂၀၂၃ ရက်နေ့က သက်ဆိုင်ရာတရားရုံးများတွင် ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့ကြောင်း သိရသည်။
ဒီပဲယင်းမြို့နယ်၊ ဘုရားထွက်ကျေးရွာတွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်အဖွဲ့သို့ ဝင်ရောက်ခဲ့၍ ဒုအဖွဲခေါင်းဆာင်အဖြစ် ဆောင်ရွက်ခဲ့ခြင်း၊ လုံခြုံရေးအဖွဲ့ဝင်များ၏ သတင်းကို စောင့်ကြည့် သတင်းပေးခြင်း၊ ရေဦး-မုံရွာကာလမ်းဘေး တစ်လျောက် မိုင်းများထောင်ရာတွင် ပါဝင်ခဲ့ခြင်းနှင့် ငွေးကြေး၊ ရိက္ခာများ ထောက်ပံ့ခြင်းများ ဆောင်ရွက်ခဲ့သူ တရားခံ စိုးနိုင်လင်း(ခ)ဘိုရောက်အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည) အရ အလုပ်နှင့် ထောင်ဒဏ် (၁၀)နှစ်၊ ပုဒ်မ ၅၀(ဈ)အရ အလုပ်နှင့် ထောင်ဒဏ်(၁၀)နှစ်၊ ပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၅)နှစ်၊ (သီးခြားစီ) ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။
ချောင်းဦးမြို့နယ်၊ ထူးနီကျေးရွာတွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်အဖွဲ့များ ချိတ်ဆက်မှုရှိခြင်း၊ PDF အကြမ်းဖက်သမားများထံ စားသောက်ဖွယ်ရာများ ပို့ဆောင်ပေးခြင်းများ ဆောင်ရွက်ခဲ့သူ တရားခံ ကျော်ဇင်ထွန်း၊ တရားခံ နိုင်ဝင်းဇော်(ခ)အားနိုး တို့အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ်စီကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။
မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး လူမှုကွန်ရက်ပေါ်တွင် နိုင်ငံတော်အကြီး အကဲများအား အကြည်ညိုပျက်စေမည့် စာသားများအား ပြန်လည်ဖော်ပြထားခြင်းနှင့် ၎င်း၏ အစ်ကိုဖြစ်သူများသည် PDFအကြမ်းဖက်သမား ဖြစ်မှန်း သိလျှက်နှင့် သတင်းပေးရန် ပျက်ကွက်ခဲ့သူ တရားခံ ခင်သန္တာကျော်အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ်၊ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။
မုံရွာမြို့၊ ဘုန်းစိုးရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်အဖွဲ့တွင် သင်တန်းတက်ရောက်ခဲ့၍ အကြမ်းဖက်စခန်းတွင် နေထိုင်ခဲ့သူ တရားခံ ဟိန်းထက်အောင်အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ်၊ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။
ရေဦးမြို့နယ်၊ မန်ကျည်းတောကျေးရွာတွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်အဖွဲ့များတွင် ဝင်ရောက်ခဲ့ခြင်းနှင့် လက်နက်၊ ခဲယမ်းများ၊ မိုင်းများ လက်ဝယ်တွေ့ရှိသူ တရားခံ ဖန်နေဝင်း(ခ)ဖန်လုံး၊ တရားခံ သော်ဇင်ဦး တို့အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည) အရ အလုပ်နှင့် ထောင်ဒဏ် (၁၀)နှစ်၊ ၅၁(ဂ)အရ အလုပ်နှင့် ထောင်ဒဏ်(၅)နှစ်၊ (သီးခြားစီ) ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။
ယနေ့ နေ့လည်ပိုင်းက မုံရွာမြို့နယ်၊ ရေကန်စုကျေးရွာစာသင်ကျောင်းကို PDF စခန်းအဖြစ် အခြေချနေထိုင်သော အကြမ်းဖက်သမားများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းခဲ့ရာ အကြမ်းဖက်သမား ကျား(၃)ဦး၊ မ(၂)ဦး အသေဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်။
#MyanmarNationalPost
No comments:
Post a Comment