MNP ၊ ဇွန် ၇
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၊ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ထားသော မြို့နယ်များတွင် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် လုပ်ဆောင်နေသော NLD အစွန်းရောက် PDF အကြမ်းဖက်သမားများအား ၅-၆-၂၀၂၃ ရက်နေ့က စစ်ဆေးပြီး ပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း သိရသည်။
ရွှေဘိုမြို့နယ်တွင် နေထိုင်လျက်ရှိပြီး အမျိုးသမီးငယ် ၁ ဦးအား အလိုမတူဘဲ သားမယားအဖြစ် (၂)ကြိမ် ပြုကျင့်ခဲ့သူ တရားခံ မျိုးဇော်အောင် အား စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖြင့်စစ်ဆေးခဲ့ရာ ရာဇသတ်ကြီးပုဒ်မ ၃၇၆(၁) အရ အလုပ်နှင့် ထောင်ဒဏ် (၂၀) နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။
ဝက်လက်မြို့နယ်တွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်အဖွဲ့များနှင့် ဆက်သွယ်ခြင်း၊ အားပေးကူညီခြင်း၊ PDF အကြမ်းဖက်များ၏ လုပ်ဆောင်မည့် လုပ်ငန်းစဉ်များအား သိရှိသော်လည်း သက်ဆိုင်ရာသို သတင်းပေးရန် ပျက်ကွက်ခဲ့သူ တရားခံ ညွန့်ဝင်း(ခ)ဦးဝင်း အား စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖြင့် စစ်ဆေးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)/၅၂(က/ခ)အရ ထောင်ဒဏ် တစ်သက် ချမှတ်ခဲ့ကြောင်း သိရသည်။
စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာထားသည့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်နေသူများအား စစ်အုပ်ချုပ်ရေး(Martial Law) စစ်ခုံရုံးဖြင့် စစ်ဆေးစီရင်၍ ပြစ်မှုကျူးလွန်သူ (၁၃၀) ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် ပြစ်ဒဏ်များချမှတ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
#MyanmarNationalPost


No comments:
Post a Comment