ထန်းတပင်မြို့နယ်ရှိ မိဘမေတ္တာမူကြိုကျောင်း(ပုဂ္ဂလိကပိုင်)မှ မူကြိုကျောင်းဆရာမ နှစ်ဦး အား PDF အမည်ခံအကြမ်းဖက်သမားများက သတ်ဖြတ်ခြင်းဖြစ်ကြောင်း သတင်းမှန်ပြန်ကြားရေးအဖွဲ့ ထုတ်ပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထန်းတပင်မြို့နယ်ရှိ မိဘမေတ္တာမူကြိုကျောင်း(ပုဂ္ဂလိကပိုင်)မှ မူကြိုကျောင်းဆရာမ နှစ်ဦး အား PDF အမည်ခံအကြမ်းဖက်သမားများက သတ်ဖြတ်ခြင်းဖြစ်ကြောင်း သတင်းမှန်ပြန်ကြားရေးအဖွဲ့ ထုတ်ပြန်


MNP ၊ ဇွန် ၇

နိုင်ငံတော်အစိုးရမှ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် NUG၊ CRPH နှင့် ၎င်းတို့၏ လက်ဝေခံPDF အမည်ခံအဖွဲ့များသည် ပြည်သူအတွက်ဟု သုံးနှုန်း၍ ရဟန်းသံဃာများ၊ ဆရာ၊ ဆရာမများ အပါအဝင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများကို ရက်စက်စွာလုပ်ကြံသတ်ဖြတ်ခြင်းများကို ဥပဒေမဲ့ကျူးလွန် လျက်ရှိသည်။

ထိုသို့လုပ်ဆောင်လျက်ရှိရာ ဇွန် ၆ ရက် ညနေ ၆ နာရီ ၂၅ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ရခိုင်ရိုးကြီးကျေးရွာ၊ အေးမေတ္တာလမ်း၊ အမှတ်(၉၀/၉၁) ၊ မိဘမေတ္တာမူကြိုကျောင်း (ပုဂ္ဂလိကပိုင်)၌ မူကြိုဆရာမများ အဖြစ် လုပ်ကိုင်ဆောင်ရွက်နေသည့် ဒေါ်သဲမာလာဝင်း(ဘ)ဦးရွှေခိုင်နှင့် ဒေါ်ဆောင်းသဇင်ဦး  (ဘ)ဦးမောင်ဦး တို့သည် မူကြိုကျောင်းအတွင်း ရှိနေစဉ် PDF အမည်ခံအကြမ်းဖက် သမား ၄ ဦးက အဖြူရောင်အငှားယာဉ် ၁ စီးဖြင့် အနော်ရထာလမ်းဘက်မှ အေးမေတ္တာ  လမ်းအတိုင်း မောင်းနှင် ရောက်ရှိလာပြီး မူကြိုကျောင်းအတွင်းသို့ ဝင်ရောက်ကာ ပစ္စတိုသေနတ်ဖြင့် ၉ ချက်ခန့် ပစ်ခတ်၍ လာလမ်းအတိုင်း ပြန်လည်မောင်းနှင်ထွက် ပြေးသွားကြောင်း၊ အဆိုပါပစ်ခတ်ခဲ့မှုကြောင့်  မူကြိုကျောင်း ဆရာမ ၂ ဦးတွင် ဦးခေါင်း ပွင့်ထွက်ဒဏ်ရာများ ရရှိကာ ဖြစ်စဉ်နေရာ၌ပင် သေဆုံးခဲ့ကြောင်း သိရှိရသည်။

အထက်ပါဖြစ်စဉ်တွင် အကြမ်းဖက်မှုကို ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

အဆိုပါ မူကြိုဆရာမနှစ်ဦး သတ်ဖြတ်ခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ Khit Thit Media အပါအဝင် အကြမ်းဖက်လှုံ့ဆော်သတင်းဌာနများတွင် မဟုတ်မမှန် လုပ်ကြံဖန်တီး ရေးသားဖြန့်ဝေမှုများ ပြုလုပ်လျက်ရှိသည်ကို တွေ့မြင်ရသည်။


#MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)