ရေဦးမြို့နယ်၊ မုတ်စီကျေးရွာမှ မိသားစုဝင် ၃ဦး ကို PDF အကြမ်းဖက်သမားများက ဖမ်းဆီးသွားပြီး ရက်ရက်စက်စက် သတ်ပြစ်လိုက်ကြောင်း ဒေသခံများထံမှ သိရ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရေဦးမြို့နယ်၊ မုတ်စီကျေးရွာမှ မိသားစုဝင် ၃ဦး ကို PDF အကြမ်းဖက်သမားများက ဖမ်းဆီးသွားပြီး ရက်ရက်စက်စက် သတ်ပြစ်လိုက်ကြောင်း ဒေသခံများထံမှ သိရ


MNP ၊ ဇွန် ၂၅

စစ်ကိုင်းတိုင်း၊ ရေဦးခရိုင်၊ ရေဦးမြို့နယ်၊ မုတ်စီကျေးရွာမှ ဦးကံကောင်း၊ သမီမပြား(ခ)မသန်းနွယ်နှင့် သမက် ကိုဝင်းဘိုတို့ ကို ယမန်နေ့က PDF အကြမ်းဖက်သမားများ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြပြီး လူမဆန်စွာ လည်လှီးသတ်ဖြတ်ခဲ့ကြောင်း ဒေသခံများ၏ ဆက်သွယ်ပြောကြားချက်အရ သိရသည်။

ဖြစ်စဉ်မှာ ငရုတ်တုံရွာမှ ပေါက်မဲနှင့် ထန်းတောရွာ‌မြောက်ပိုင်းမှ ကုလား ဦးဆောင်သော PDFအကြမ်းဖက်အဖွဲ့မှ(၂၄-၆-၂၃) ရက်နေ့တွင် မုတ်စီရွာသို့ လာရောက်၍ ဦးကံကောင်းနှင့် သမီး၊ သားမက်တို့ကို ဖက်ဖမ်းဆီးခေါ်ဆောင်သွားပြီး ညောင်လှ မူးဘောင်ပေါ်တွင် လူမဆန်ရွာရက်ရက် စက်စက်လည်လှီး အကြမ်းဖက်သတ်ဖြစ်ခဲ့သည်။

ယခုအကြမ်းဖက်သတ်ဖြတ်ခံရသော မုတ်စီရွာသည် NLD ပြည်ဖျက်မိစ္ဆာပါတီမှ မှမဲလိမ်မဲခိုးမှုများ ကျူးလွန်ခဲ့ပြီး တပ်မတော်အာဏာထိမ်း လိုက်ပြီးနောက် ပြည်ခိုင်ဖြိုးပါတီဝင်များ အကြမ်ဖက်သတ်ဖြတ်ခံနေရသည်မှာ ယနေ့ထိ အယောက်(၃၀)ရှိဖြစ်ကြောင်း သိရသည်။

သို့ဖြစ်ပါ၍ ယခုလို PDF အကြမ်းသမားများ မကြာခလာရောက်နေသော မုတ်စီရွာသည် ရေဦးမြို့၊ တိုင်းရင်းဆေးရုံတွင် တပ်စွဲထားသော တပ်မနှင့် တစ်မိုင်အကွာတွင်ရှိကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)