ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ၊ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ (Inn National League Party)နှင့် ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (Danu National Democracy Party)တို့အား နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ထားရှိမှုများ ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ၊ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ (Inn National League Party)နှင့် ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (Danu National Democracy Party)တို့အား နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ထားရှိမှုများ ကြည့်ရှုစစ်ဆေး




MNP ၊ ဇွန် ၃၀

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးသည် အဖွဲ့ဝင်များဖြစ်သော ဦးသန်းစိုး၊ ဦးဘရန်ရှောင်၊ ဦးမြင့်သိန်းတို့နှင့်အတူ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ၂၀၂၃ ခုနှစ် မေလတွင် မှတ်ပုံတင်ခွင့်ရရှိပြီးသော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ၊ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ (Inn National League Party) နှင့် ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ (Danu National Democracy Party)တို့မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌တွေ့ဆုံ၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပါတီလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေကို တွေ့ဆုံစစ်ဆေးသည်။


ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားရှိသော နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်သွားရန်၊ ဥပဒေအရသတ်မှတ်ထားသည့်  နိုင်ငံရေးပါတီများမှတ်ပုံတင်ခွင့် ပြုမိန့်ကျပြီးနောက် ရက်ပေါင်း (၉၀)အတွင်း စုစည်းရမည့်ပါတီဝင်အင်အား ပြည့်မီအောင်စုဆောင်းရေးနှင့် ရက်ပေါင်း (၁၈၀) အတွင်းဖွင့်လှစ်ရမည့် နိုင်ငံရေးပါတီများ၏ မြို့နယ်ပါတီရုံးများဖွင့်လှစ်နိုင်ရေးနှင့် ဖွင့်လှစ်ရာတွင်လည်း သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာနများမှ ခွင့်ပြုချက်တောင်းခံဆောင်ရွက်ရန်၊ မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများကို မြို့နယ်ရုံးများဖွင့်လှစ်ပြီးပါက မြို့နယ်ပါတီရုံးဖွဲ့စည်းမှုများကို စနစ်တကျ ဖွဲ့စည်းပုံနှင့် တာဝန်ပေးထားရန်၊ နိုင်ငံရေးပါတီများရှိပါတီဝင်များတွင် ယခင်သုံးခေါက်ချိုး အမျိုးသားမှတ်ပုံတင်များကို နိုင်ငံသားစိစစ်ရေးကတ်ပြားများဖြင့် မြို့နယ်လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတွင် သွားရောက်လဲလှယ်နိုင်ရေး ဆောင်ရွက်သွားရန်၊ မြို့နယ်ပါတီရုံးများ ဖွင့်လှစ်ပြီးပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စာရင်းစစ်ဌာနတို့မှပူးပေါင်းပြီး စစ်ဆေးရန်ရှိသဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန် မှာကြားရာ သက်ဆိုင်ရာနိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်းတင်ပြကြသည်။


ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့တွင် အခြေစိုက်သည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီဌာနချုပ်သည် တောင်ကြီးမြို့ ဈေးပိုင်းရပ်ကွက် အနောက်မြို့ပတ်လမ်းအမှတ် (၁၈) တွင်တည်ရှိပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာချက်အမှတ် (၁၅/၂၀၂၃) ဖြင့်လည်းကောင်း၊ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ (Inn National League Party) သည် ညောင်ရွှေမြို့ ကံသာရပ်တိတ်နန်းတံတားအနီး ရုံးကြီးလမ်းတွင်တည်ရှိပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာချက်အမှတ် (၂၀/၂၀၂၃)ဖြင့်လည်းကောင်း၊ ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ (Danu National Democracy Party) ဌာနချုပ်ကို ကလောမြို့ (၁၀)ရပ်ကွက် ချယ်ရီလမ်းအမှတ်(၁၀/၆၄)တွင် ဖွင့်လှစ်ထားပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာချက်အမှတ်(၂၆/၂၀၂၃)ဖြင့်လည်းကောင်း နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ (၉)နှင့်အညီ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ရရှိခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)