ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ မြို့နယ်ပြည်သူ့ဆေးရုံ ဝန်းအတွင်း၌ (၃၂)ကုတင်ဆန့် (RC)နှစ်ထပ်တိုးချဲ့ လူနာဆောင် “ဦးတွမ်ကြီး+ ဒေါ်ကျဉ်ရှိန်ဆောင်” ဖွင့်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ မြို့နယ်ပြည်သူ့ဆေးရုံ ဝန်းအတွင်း၌ (၃၂)ကုတင်ဆန့် (RC)နှစ်ထပ်တိုးချဲ့ လူနာဆောင် “ဦးတွမ်ကြီး+ ဒေါ်ကျဉ်ရှိန်ဆောင်” ဖွင့်ပွဲ ကျင်းပ


MNP ၊ ဇွန် ၆

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ မြို့နယ် ပြည်သူ့ဆေးရုံဝန်းအတွင်း၌ (၃၂)ကုတင်ဆန့် (RC) နှစ်ထပ်တိုးချဲ့လူနာဆောင် “ဦးတွမ်ကြီး+ ဒေါ်ကျဉ်ရှိန်ဆောင်”ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါမြို့ရှိ မြို့နယ်ပြည်သူ့ ဆေးရုံဝန်းအတွင်း၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်ခိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊  စေတနာရှင် အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။


ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက (၃၂)ကုတင်ဆန့် (RC)နှစ်ထပ်တိုးချဲ့လူနာဆောင် “ဦးတွမ်ကြီး+ဒေါ်ကျဉ်ရှိန်ဆောင်” အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် စေတနာရှင်အလှူရှင်များက ကဗ္မည်း မော်ကွန်းအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်း ကြပြီး (၃၂)ကုတင်ဆန့် (RC)နှစ်ထပ် တိုးချဲ့လူနာဆောင်အား  လှည့်လည်ကြည့်ရှု စစ်ဆေးကာ ကပြဖျော်ဖြေခဲ့ကြသည့် အကအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ် သည်။


ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်နေ အလှူရှင် ဦးကြည်လွင် + ဒေါ်သီသီဆန်းမိသားစုနှင့် မိတ်ဆွေများမှ စုပေါင်းလှူဒါန်းသော (၃၂) ကုတင်ဆန့် (RC) နှစ်ထပ်တိုးချဲ့လူနာဆောင် လှူဒါန်းခြင်း အခမ်းအနားအား ဆက်လက် ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။


၎င်းနောက် တိုင်းမှူးက အမှာစကား ပြောကြားပြီး အလှူရှင် ဦးကြည်လွင် မှ (၃၂)ကုတင်ဆန့် (RC)နှစ်ထပ်တိုးချဲ့လူနာဆောင်  ဆောက်လုပ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် တိုးချဲ့လူနာဆောင်နှင့် ပတ်သက် သည့်  လှူဒါန်းမှုမှတ်တမ်းများအား လွှဲပြောင်းပေးအပ်ရာ ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူတစ်ဦးက လက်ခံရယူခဲ့ပြီး တိုင်းဒေသကြီး ကုသရေးဦးစီး ဌာနမှူးက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)