သံတွဲမြို့၌ မျိုးစေ့ထုတ်စံပြစိုက်ကွက်စမ်းသပ်စိုက်ပျိုးမည့်တောင်သူများအား (RS)မျိုးစပါးနှင့် ယူးရီးယားဓာတ်မြေသဩဇာများအခမဲ့ထောက်ပံ့ပေးအပ်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲမြို့၌ မျိုးစေ့ထုတ်စံပြစိုက်ကွက်စမ်းသပ်စိုက်ပျိုးမည့်တောင်သူများအား (RS)မျိုးစပါးနှင့် ယူးရီးယားဓာတ်မြေသဩဇာများအခမဲ့ထောက်ပံ့ပေးအပ်ပွဲကျင်းပ




MNP ၊    ဇွန်   ၂၂

သံတွဲခရိုင်၊ သံတွဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှာ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါးရာသီတွင် မျိုးစေ့ထုတ်စံပြစိုက်ကွက် စမ်းသပ်စိုက်ပျိုးမည့်တောင်သူများအား မျိုးစပါးနှင့် ယူးရီးယား ဓာတ်မြေဩဇာများ အခမဲ့ထောက်ပံ့ပေးအပ်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီက အဆိုပါရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။ 


ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးချစ်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်မိုးမြင့် က မိုးစပါး မျိုးစေ့ထုတ်စိုက်ပျိုးခြင်းဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ခရိုင် အုပ်ချုပ်ရေးမှူး နှင့်တာဝန်ရှိသူများက မျိုးစေ့ထုတ်စံပြစိုက်ကွက်စမ်းသပ်စိုက်ပျိုးမည့် တောင်သူ ( ၇၁  )ဦးအား တစ်ဧက (၁)တင်းနှုန်းဖြင့် ဆင်းသွယ်လတ်မျိုးစပါး(၉၆)တင်း၊ ဆင်းသုခ(၆၀)တင်း၊ ပေါ်ဆန်းရင် (၂၁)တင်းပေးအပ်ခဲ့ပြီး ဧက(၁၀၀)တင်း (၁၀၀)စံပြစိုက်ကွက်စိုက်ပျိုးမည့် တောင်သူ များအား GW-11 မျိုးစပါး(၇၀)တင်းနှင့်   ယူးရီးယား ဓာတ်မြေသဩဇာအား တစ်ဧက ( ၁ )  အိတ် နှုန်းဖြင့် အခမဲ့ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။


သံတွဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ဆီထွက်သီးနှံအနေဖြင့် ဆောင်းမြေပဲ စုစုပေါင်း( ၁၉၂၆၁)ဧက ၊ နေကြာ(၇၀)ဧက ၊ ဆီမုန်ညှင်း( ၃၀)ဧက၊ နှမ်း(၂)ဧက စုစုပေါင်း(၁၉၃၆၃)ဧက စိုက်ပျိုးနှိင်ခဲ့ပြီး ပဲမျိုးစုံအနေဖြင့် မတ်ပဲ( ၂၇၁၈)ဧက၊ ပဲတီစိမ်း(၃၅၁)ဧက၊ ဘိုကိတ်(၅၃၁၁)ဧက၊ ပဲကြီး ( ၂၃)ဧက ၊ ပဲလွန်းဖြူ( ၃)ဧကနှင့် အခြားပဲ(၂၉)ဧက စုစုပေါင်း (၈၄၃၅)ဧကအား စိုက်ပျိုးဆောင်ရွက်နိုင်ခဲ့သည်။


ထို့အတူ ၂၀၂၃-၂၀၂၄ ခုနှစ် ၊မိုးစပါးစိုက်ဧက ( ၃၈၄၃၂)ဧက စိုက်ပျိုးမည်ဖြစ်ပြီး ၎င်းအနက် မျိုးစေ့ထုတ် စံပြစိုက်ကွက်(၁၅၀)ဧက စမ်းသပ်စိုက်ပျိုးမည်ဖြစ်သည်။ ထိုသို့စိုက်ပျိုးရာတွင် ဆင်းသွယ်လတ် (၆၉)ဧက၊ ပေါ်ဆန်းရင်စပါးမျိုး(၂၁)ဧက ၊ ဆင်းသုခ(၆၀)ဧကအား ကျေးရွာ(၉)ရွာရှိ တောင်သူ  ၇၁ ဦးဖြင့် စိုက်ပျိုးသွားမည်ဖြစ်ပြီး GW-11မျိုးအား အလယ်ရွာကျေးရွာတွင် (၇၀)ဧက စိုက်ပျိုးသွားမည် ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးဇော်ထွန်းခိုင်ထံမှသိရှိရသည်။


သန့်ဇင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)