ကမ္ဘာ့အအေးပေးပစ္စည်းများနေ့အထိမ်းအမှတ် အသိပညာပေး (Talk Show) ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကမ္ဘာ့အအေးပေးပစ္စည်းများနေ့အထိမ်းအမှတ် အသိပညာပေး (Talk Show) ကျင်းပ



MNP ၊    ဇွန်   ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်‌ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ အအေးပေး ပစ္စည်းများနေ့ အထိမ်းအမှတ်အသိပညာပေး (Talk Show)ကို မွန်းလွဲ (၂)နာရီအချိန်က ကျင်းပ ပြုလုပ်သည်။


ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းတို့မှ ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ဖြစ်ပေါ်လာပုံအကြောင်း၊ ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အထိမ်းအမှတ်ဆောင်ပုဒ်နှင့် ကျင်းပဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ၊ အအေးပေးဒြပ်ပစ္စည်းများ၏ အဓိပ္ပာယ်များ၊ အအေးပေးဒြပ်ပစ္စည်းအမျိုးအစားများ၊ အအေးပေးပစ္စည်းများအား မည်သည့် နေရာတွင် အသုံးပြုကြောင်းနှင့် အအေးပေးပစ္စည်းများသည် ပတ်ဝန်းကျင်အားမည်သို့ ထိခိုက်စေနိုင်ကြောင်းစသည့် အကြောင်းအရာများ အားဆွေးနွေးခဲ့ကြသည်။


အဆိုပါကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အထိမ်းအမှတ်အသိပညာပေး (Talk Show)အား ပြည်သူများ အသိပညာဗဟုသုတရစေရန်ရည်ရွယ်၍ မအူပင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)  ခန်းမတွင် စဉ်ဆက်မပျက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)