Anglo Mining Co., Ltd မန်းနေးဂျင်းဒါရိုက်တာ ဦးအောင်ခိုင်သန်း အား သီဟသုဓမ္မမဏိဇောတဓရဘွဲ့တံဆိပ် ချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

Anglo Mining Co., Ltd မန်းနေးဂျင်းဒါရိုက်တာ ဦးအောင်ခိုင်သန်း အား သီဟသုဓမ္မမဏိဇောတဓရဘွဲ့တံဆိပ် ချီးမြှင့်



MNP ၊ ဇူလိုင် ၂၃

Anglo Mining Co., Ltd မန်းနေးဂျင်းဒါရိုက်တာ ဦးအောင်ခိုင်သန်း သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မည့် စကျင်ကျောက်တုံးတော်ကြီးကို နိုင်ငံတော်အား လှူဒါန်းခဲ့သူ ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအဖြစ် ထုဆစ်ပူဇော်မည့် စကျင်ကျောက်တော်ကြီးကို Angelo   Mining    Company မှ ဦးအောင်ခိုင်သန်း မိသားစုတို့က ခရစ်နှစ် ၂၀၁၃ ခုနှစ်တွင် Shwe  Foundation သို့ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း၊ Shwe  Foundation ၏ မေတ္တာရပ်ခံချက်အရ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ခုနစ်ရက်သားသမီး ဘုရားဒါယကာ၊ ဒါယိကာမတို့က သီတဂူဆရာတော်ဘုရားကြီး၊ ရွှေသုဝဏ်ဆရာတော် ဘုရားကြီးနှင့် ပါမောက္ခချုပ် ဆရာတော်ဘုရားကြီးတို့၏ ဩဝါဒများနှင့်အညီ ခေတ်မီနည်းစနစ်များဖြင့် ထုဆစ်ပူဇော်နိုင်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)