တံတားဦးမြို့နယ်တွင် နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက် (Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တံတားဦးမြို့နယ်တွင် နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက် (Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်

 


MNP ၊ ဇူလိုင် ၁၁

တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက် (Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၀)နာရီကစတင်၍ တံတားဦးမြို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ဦးတည်အုပ်စုအလိုက် အမည်စာရင်းရယူထားသော ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ယူဆောင်လာစေပြီးလာရောက် ဆောင်ရွက်သူများ၏  (Biographic Data) နှင့်  (Biometric  Data) ကောက်ယူ၍ (Database) တွင် သိမ်းဆည်းပြီး မတူညီသောဂဏန်း (၁၀) လုံးပါဝင်သည့် (Unique ID) နံပါတ်သတ်မှတ်ပြီး ကတ်ပြားများကို နေ့ချင်းပြီးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။


အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ပြည်သူများ၏ လူမှုစီးပွားရေးဆိုင်ရာ ကိစ္စများဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူမြန်ဆန်လာစေရန်၊ မြန်မာနိုင်ငံအတွင်း နေထိုင်သူများကို စိစစ်သည့် တစ်ခုတည်းသောနံပါတ် (Unique ID) ထုတ်ပေးရန် (Online) စနစ်ဖြင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများအတွက် မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးနိုင်မည့် အခြေခံစနစ်တည်ဆောက်ရန်အတွက်ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်စိုးထံမှ သိရသည်။


ဦးရဲတင့်

https://t.me/MyanmarNationalPost




No comments:

Post a Comment