ကန့်ဘလူ မြို့အဝင် စစ်ဆေးဂိတ်၌ ပဒက် ၂ ကောင် ဖမ်းမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန့်ဘလူ မြို့အဝင် စစ်ဆေးဂိတ်၌ ပဒက် ၂ ကောင် ဖမ်းမိ



MNP ၊ ဇူလိုင် ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ စံပယ်နံ့သာ-ကန့်ဘလူ ကားလမ်းပေါ်ရှိ မြို့အဝင်စစ်ဆေးရေးဂိတ်၌ ယမန်နေ့က လုံခြုံရေးအဖွဲ့ဝင်များမှ ပြည်သူများ အေးချမ်းစွာသွားလာနိုင်ရေးအတွက် လူ/ယာဉ်သွားလာမှုများအား စစ်ဆေးနေ စဉ် Light Truck ယာဉ်တစ်စီးအား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင် လိုက်ပါလာသော အောင်ဖြိုးဝေနှင့် ထွန်းမှူး ချောင်းရှည်ကျေးရွာနေသူတို့ ၂ ဦးသည် PDF အကြမ်းဖက်အဖွဲ့ဝင်များဖြစ်ကြောင်း သက်သေအထောက်အထားများနှင့် စစ်ဆေး တွေ့ရှိရသဖြင့် လုံခြုံရေးအဖွဲဝင်များမှ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment