ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အထည်ချုပ်လုပ်ငန်းစီမံကိန်းသည် သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားရေးထိခိုက်မှုများ ဖြစ်ပေါ်နိုင်ခြင်း ရှိ/မရှိ‌ ဆောင်ရွက်ခြင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အထည်ချုပ်လုပ်ငန်းစီမံကိန်းသည် သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားရေးထိခိုက်မှုများ ဖြစ်ပေါ်နိုင်ခြင်း ရှိ/မရှိ‌ ဆောင်ရွက်ခြင်း




MNP ၊ ဇူလိုင် ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုးချုပ်လုပ်နေသော Genesis Myanmar Garment ကုမ္ပဏီ၏ အထည်ချုပ်လုပ်ငန်းစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်နှင့်လူမှုစီပွားရေးထိခိုက်မှုများ ရှိ/မရှိ ဆောင်ရွက်မှုအစည်းအဝေးကို ယ‌မန်နေ့ မွန်းလွဲပိုင်း ၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါဆောင်ရွက်မှုအစည်းအဝေးတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းအိမွန်က အဖွင့်အမှာစကားပြောကြားပေးခြင်း၊ ကောင်းကျော်စေ အင်ဂျင်နီယာလုပ်ငန်း ကုမ္ပဏီလီမိတက်၏ဥက္ကဋ္ဌ ဦးထွန်းနိုင်အောင်က သဘာဝပတ်ဝန်းကျင်ဆိုင်ရာလုပ်ငန်းများ၊ ECD ၏ သဘောထားမှတ်ချက်များကို ရှင်းလင်းပြောကြားပေးခဲ့သည်။


ဆက်လက်၍ စီမံကိန်း၏ Genesis Myanmar Garment ကုမ္ပဏီလီမိတက်၏ တာဝန်ရှိသူတစ်ဦးဖြစ်သူက သဘာဝပတ်ဝန်းကျင်နှင့် ဘေးအန္တရာယ်ကင်းရှင်းရေး မန်နေဂျာ ဦးသက်က စက်ရုံ၏ အထည်ချုပ်ဆိုင်ရာအချက်အလက်များ၊ စွန့်ပစ်ပစ္စည်းများဖြင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု၊ အမှိုက်များစနစ်တကျ စွန်ပစ်ထားရှိပုံ၊ စက်ရုံဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုအဖြစ်စီစဉ်ပေးထားမှုများ၊ ဘေးအန္တရာယ်ကင်းရှင်းရေးဆောင်ရွက်မှု၊ စက်ရုံမှနှာခေါင်းစည်း mask များ ကိုယ်တိုင်ထုတ်လုပ်ကာဝန်ထမ်းများအတွက် နှာခေါင်းစည်းစီစဉ်ပေးထားခြင်း၊ မီးဘေးအန္တရာယ်ကင်းရှင်းရေး မီးသတ်ဆေးဗူးများထားရှိမှု၊  မီးဘေးသရုပ်ပြလေ့ကျင့်ပေးထားမှုနှင့် ကြက်ခြေနီရှေ့ဦးသူနာပြုစုခြင်းသင်တန်းများပေးထားခြင်း အစရှိသည်တို့အပြင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးနှင့် လုပ်ငန်းဆောင်ရွက်မှုများကို ဗီဒီယို powerpoint ဖြင့် ပြသကာအ‌သေးစိတ် ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။


ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးဇော်ဝင်းက သဘာဝပတ်ဝန်းကျင်ဆိုင်ရာများနှင့် ပတ်သက်၍ ‌ဖြည့်စွက်ကာလမ်းညွန်မှာကြားခဲ့ပြီး


ကောင်းကျော်စေ အင်ဂျင်နီယာလုပ်ငန်းကုမ္ပဏီလီမိတက်၏ဥက္ကဋ္ဌမှ သဘာဝပတ်ဝန်းကျင်ဆိုင်ရာမေးခွန်းများဖြန့်ဝေကာ တက်ရောက်လာသော ပတ်ဝန်းကျင်မှ ပြည်သူများ၊ ဌာနဆိုင်ရာများနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ ဖိတ်ကြားထားသူ ဧည့်သည်တော်များက ဖြေဆိုခဲ့ကြကြောင်း သိရသည်။


ဝင်းအိမွန်

https://t.me/MyanmarNationalPost




No comments:

Post a Comment