ပေါင်မြို့နယ်တွင် နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက် (Biographic Data) နှင့် ဇီဝဆိုင်ရာ အချက်အလက် (Biometric Data) ကောက်ယူခြင်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက် (Biographic Data) နှင့် ဇီဝဆိုင်ရာ အချက်အလက် (Biometric Data) ကောက်ယူခြင်း ဆောင်ရွက်





MNP ၊   ဇူလိုင် ၄

မွန်ပြည်နယ်၊ပေါင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာနမှ နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက် (Biographic Data) နှင့် ဇီဝဆိုင်ရာ  အချက်အလက် (Biometric Data)   ကောက်ယူခြင်း ကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ဝါရီရူခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။


ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပေါင်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက  အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေး ကိုင်ဆောင်ထားသူ မိသားစုဝင်များအား စာရင်းကောက်ယူခဲ့ကြောင်း၊  ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူနေမှုကို ဌာနဆိုင်ရာဝန်ထမ်းများနှင့်မိသားစုဝင်များအား စတင်စာရင်း ရေးသွင်းပေးခဲ့ကြောင်း သိရသည်။


လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် နိုင်ငံအတွင်း နေထိုင်သူ အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားတို့၏ (Biographic Data) နှင့် (Biometric Data) များကောက်ယူ၍ Databaseတွင် သိမ်းဆည်းပြီး  ဂဏန်း(၁၀)လုံးပါဝင်သည့် Unique ID နံပါတ်များ သတ်မှတ်၍ မှတ်ပုံတင်ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment